Part 23

205 26 1
                                    

"ကသစ် ဒီနေ့ ဇာတ်လမ်းတွဲတစ်ခုမှာ Audition
အောင်တယ်။အရေးပါတဲ့ ဇာတ်ကောင်မှာ
သရုပ်ဆောင်ရမှာ"

ကသစ်၏ အသံလေးသည် သာမန်ထက်
တက်ကြွနေခဲ့သည်။သူမ၏ ဝမ်းသာမှုတွေကို
သျှားဆီ မျှဝေနေပေမဲ့ သျှားကတော့ မျက်နှာထားတည်တည်ဖြင့် လိုက်မပျော်နိုင်ခဲ့။
တော်သေးတာက သူတို့အခု ဖုန်းနှင့် ဆက်သွယ်
နေတာမို့ သူ့မျက်နှာကို ကသစ် မမြင်ရပေ။

"ဟုတ်လား။ကိုကို ဝမ်းသာပါတယ်။မုန့်ဝယ်ကျွေး
မယ်လေ။ဘယ်နေ့အားလဲ"

"အာ...ကသစ်က ဝယ်ကျွေးရမှာပါ။ဒီအပတ် တနင်္ဂနွေနေ့ကြရင် တွေ့မယ်လေ။ကိုကို
အဆင်ပြေလား"

"အင်း...ပြေပါတယ်"

ကသစ်က ဖုန်းချဖို့ သူ့ကို နှုတ်ဆက်သည်။
အခုထိ ဦးသင်္ဂါအကြောင်း မမေးသော ကသစ်ကြောင့် သျှားစိတ်ထဲ အလိုမကျမှုတွေ တန်းစီ
ဝင်ရောက်လာတော့သည်။တစ်ကယ်ဆို
ပြဿနာတွေ ဖြစ်ခဲ့သော်ငြား၊သူမအဖေ အဆင်ပြေရဲ့လား သိချင်သင့်သည် မဟုတ်လား။

သူ အတွေးလွန်နေတုန်းမှာပင် ကသစ်သည်
ဖုန်းချသွားတော့သည်။သျှားလည်း သက်ပြင်း
တစ်ချက်နှင့် အတွေးများနေရတော့၏။

"သျှား။ငါ ချိန်းထားတာလေး ရှိလို့ အပြင်ခဏ
သွားဦးမယ်နော်"

သူ့ကို အသိလာပေးသည့် ညံကိုကြည့်ရင်း သျှား
ထပ်မံ အလိုမကျ ဖြစ်ရပြန်သည်။ညံ အခုတစ်လော အပြင်အရမ်းထွက်သလိုပင်။သူ့မှာ
ခင်စရာ သူငယ်ချင်း မိတ်ဆွေလည်း မရှိပါဘဲ၊
အလုပ်ရှာတာလည်း မဟုတ်ပါဘဲနှင့် ဒီအတိုင်း
အပြင်ထွက်နေခြင်းသာ ဖြစ်တာမို့

"ဘာကိစ္စရှိလို့လဲ ညံ။ငါ လိုက်ပို့မယ်"

"ရတယ် သျှား။Busစီးသွားလိုက်မယ်"

သူ ထပ်ပြောလာမည့် စကားတွေကို နားမထောင်
ချင်တော့သလို ညံက အမြန်ပြေးထွက်သွားသည်။သျှားမှာ သူများအပူ၊ကိုယ့်အပူ လုပ်နေ
ရသည့် သူ့ဘဝသူ ပြန်တွေးရင်း အတော်လေး
စာနာစိတ် ကြီးမားနေပါလားဟုတောင် စဉ်းစား
မိ၏။

ရုတ်တရက် သူ့အတွေးတို့ကို ဖုန်းသံက ဖယ်ဖျောက် ပစ်လိုက်ပြီး

Total Where stories live. Discover now