Part 5

282 39 8
                                    

"ဟား၊ဟား။မင်းဟာကလည်း ရယ်ရခက်၊
ငိုရခက်နဲ့ ညံရာ"

သျှားက ညံ၏ အိပ်ရာပေါ်တွင် ဇိမ်ပြေနပြေ
အိပ်နေရင်း တဟားဟားအော်ရယ်သည်။
ညံတို့ကလည်း ဒီရပ်ကွက်ထဲက အိမ်ကို နွေရာသီ
ပိတ်ရက်လောက်သာ ပြန်လာတာမို့ သူတို့
သုံးယောက်လည်း နွေရာသီတွေမှသာ ဆုံရ၏။
သျှား စာပိနေသည့် သုံးနှစ်လုံး အဆက်အသွယ်
ပြတ်ခဲ့ရပြီး ယခု ဆယ်တန်းစာမေးပွဲလည်း
ဖြေ‌ပြီးပြီဆိုတော့ အားလုံး သည်မှာ ပြန်ဆုံကြခြင်း။

အရင်က အကြောင်းတွေ ဆက်မိစပ်ရာ ပြောကြ
ရာမှ ညံ၏ 'ကြီးလာရင် မိန်းကလေးရည်းစားတွေ
အများကြီး ထားပြမယ်' ဆိုသော ရည်မှန်းချက်ကြီး အကြောင်းဆီ ရောက်သွားကြသည်။ညံက
ထိုအကြောင်းစမိသည်နှင့် စိတ်ပျက်သလို
ရယ်ရင်း ဆက်မပြောဖို့ သျှားကို တား၏။

ဘာကြောင့်လဲဟု သျှား မေးကြည့်တော့ ညံသည်
တစ်ခွန်းတည်းသာ ပြန်ဖြေလာသည်မှာ...

"ငါက Gay"

သျှား ရုတ်တရက် ရှော့ခ်ရသွားရ၏။‌ထိုအကြောင်းကို ပေါ့ပေါ့ပါးပါးပင် come out
လုပ်သွားသည့် ညံက ဘာစိုးရိမ်မှုမှ မရှိသလိုပင်။

"ဟေး။မင်း သေချာလို့လား"

"သေချာတာမှ တစ်ဖက်ကမ်းလွန်နေပြီ။ငါ
ရှစ်တန်းကတည်းက မိန်းကလေး ရည်းစားတွေ
အများကြီး ထားခဲ့ဖူးတယ်။ဒါပေမဲ့ကွာ...ဘယ်လို
ပြောရမလဲ။သူတို့ကို နည်းနည်းမှ ရင်မခုန်ခဲ့ဘူး။
ဒါနဲ့ ကိုးတန်းရောက်တော့ ငါတို့ကျောင်းကို
ကောင်လေးတစ်ယောက် ပြောင်းလာရော။
ဟေ့ကောင်ရေ...လှလိုက်တာမှလေ။ရိုးရှင်းတဲ့
ပန်းကလေး လှနည်းမျိုးကွာ။သူက နည်းနည်း
အားနွဲ့ပေမဲ့ ငါ့အကြိုက်မှ ငါ့အကြိုက်အစစ်။"

"အဲ့တော့ မင်းGayဆိုတာ သိသွားတာပေါ့။
တွဲလိုက်ရသေးလို့လား"

အစက တက်ကြွနေသည့် ညံသည် သျှား၏
စကားအဆုံးမှာ မျက်နှာမဲ့လို့ လက်နှစ်ဖက်ကို
ဖြန့်ကာ မြှောက်ပြသည်။

"မတွဲလိုက်ရဘူးလေ။ရွှေရေးပေါ့။အမေ့ကို
တိုင်ပြောတယ်။တွေးရင် အဲ့ခွေးကောင်ကို
ထပ်ထိုးချင်သေးတာ"

Total Where stories live. Discover now