Part 17

201 25 4
                                    

ဒီနေ့ သင်္ဂါ အလုပ်နားလိုက်သည်။စနေနေ့
ဖြစ်တာမို့ ကသစ်လည်း အိမ်ပြန်လာမည်ဟု
ဖုန်းဆက်ထားလာတာကြောင့် အတူတူ ညစာ
စားဖို့အတွက် ဟိုတယ်မှာ ဘိုကင်ယူထား
လိုက်၏။ပြီးတော့ မနက်ဖြန် ကသစ်
မွေးနေ့လည်း ရှိသည်။လက်ဆောင်ပေးဖို့
Online ပေါ်မှ‌ ကသစ်ကြိုက်တတ်မည် ထင်တာ
လိုက်ရှာနေလိုက်သည်။

ရုတ်တရက် ကားဟွန်းတီးသံသည် သင်္ဂါ့ခြံရှေ့၏
လမ်းပေါ်မှ ထွက်ပေါ်လာသည်။အိမ်ပြင်ဘက် လှမ်းကြည့်တော့ သျှားတို့ အိမ်ရှေ့မှာ ရပ်ထားသည့် အနက်ရောင်ကားတစ်စီး။ကားထဲမှ
ထွက်လာသည့် သျှားနှင့် ညံကို မြင်လိုက်ချိန်
မှာတော့ သင်္ဂါမျက်မှောင်ကြုတ်သွားတော့၏။

ကားနောက်ခန်းမှ အထုတ်တွေကို ညံက သယ်ပြီး
အိမ်ထဲ ထည့်နေသည်။သေချာပေါက် ဒီမှာ
လာနေကြပြီဆိုတာ သင်္ဂါသိလိုက်တော့
သွေးတွေ ထိုးဆောင့်သလိုတောင် ခံစားလိုက်
ရ၏။သျှားက ကားကို နေရာတကျထားပြီး
သင်္ဂါ့အိမ်ဘက်ကို မျက်လုံး ကစားနေသေး၏။
ကြည့်ရတာ သင်္ဂါ့ကို ဒုက္ခပေးဖို့ တွေ့ချင်နေဟန်။

အဖြူရောင် တီရှပ်နှင့် ဒူးအထက်လောက်သာ
ရှိသော အညိုရောင်ဘောင်းဘီတိုကို ဝတ်ထားသော သျှားသည် တက်ကြွနေသော လူငယ်
အသွင်လေးပင်။ဆံပင်တွေကို ခပ်လျော့လျော့
စီးနှောင်ထားပြီး ဆံနွယ်တစ်ချို့ မျက်နှာထက်
ပြေကျသည့်အခါ ၄မိန်းမချော ချောသည်ဟု
ဆိုရလောက်အောင်ပင် ပြစ်မျိုးမှဲ့မထင် ချောသည်။

သင်္ဂါတစ်ယောက် အနည်းငယ် လှပ်ထားမိသည့် လိုက်ကာစကိုပြန်ချလို့ တစ်ဖက်အိမ်ကို
ထပ်မခိုးကြည့်တော့ဘဲ ဖုန်းသာ ဆက်သုံး
နေလိုက်သည်။သူ့စိတ်တွေ ပြန်တည်ငြိမ်ခါမှ
အိမ်တံခါးဘောင် ခေါက်သံကို ထပ်ကြားရ
ပြန်၏။လှည့်ကြည့်မိတော့ သျှားနှင့် ညံ...

"မင်းတို့!ဘယ်လိုဝင်လာတာလဲ!"

မျက်ပြူးဆန်ပြာနှင့် သင်္ဂါသည် သူစိမ်း
အမျိုးသားနှစ်ယောက် ရောက်လာလို့ လန့်နေသည့် ဆယ်ကျော်သက်ကောင်မလေးနှယ်။
သျှားကတော့ သူတို့ကျော်ခဲ့သည့် ခြံစည်းရိုးကို
လက်ညိုးထိုးပြရင်း

"အဲ့ကပဲပေါ့။ဦးသင်္ဂါကို ခြံတံခါး ဖွင့်ခိုင်းရမှာ
အားနာလို့လေ။"

Total Where stories live. Discover now