Part 30

258 31 9
                                    

သင်္ဂါ ရုံးခန်းထဲရောက်တော့ မြင်လိုက်ရသည့်
အရာကြောင့် ရင်ထဲ ထိတ်သွားရသည်။သူ့
စားပွဲထက်မှာ အခန့်သားနေရာယူထားသည့်
ပန်းစည်းကြီး တစ်စီးကြောင့် တစ်ကိုယ်လုံး
ဖိန်းတိန်းတိန်းတောင် ဖြစ်သွားရ၏။

အရောင်စုံသော ကျူးလစ်ပန်းများနှင့် လက်တစ်ပွေ့စာလောက် ရှိသော ထိုပန်းစည်းကြီး။
ပန်းတွေကြားထဲ ရှိနေသော စာရွက်လေး
တစ်ရွက်ကို သူ ထုတ်ကြည့်လိုက်သည့်အခါ
ရှင်းလင်းသေသပ်သော လက်ရေးလေးများကို
တွေ့လိုက်ရသည်။

"ကျူးလစ်ပန်းလေးရဲ့ အဓိပ္ပာယ်က ပြီးပြည့်စုံတဲ့ အချစ်တဲ့။တစ်ခါတစ်လေ မျှော်လင့်ခြင်းလေးအဖြစ်လည်း အဓိပ္ပာယ် ဖွင့်ကြတယ်။

မေတ္တာတရားဆိုတာ ဒီလိုပါပဲ ဦးရာ...
တန်ဖိုးနည်းနည်းလေးမှ မဟုတ်တော့ ကျွန်တော်
စောင့်ရမှာပေါ့။
      
                   ပေးပို့သူ/
   
                  ကြိုးစားနေမဲ့ အမျိုးသားလေး....."

စာအဆုံးတွင် သင်္ဂါ့ နားရွက်ဖျားများ မီးကင်
ခံလိုက်ရသလို ပူလောင်သွားသည်။
ထိုရှည်မျောမျောနှင့် ရှင်းလင်းသေသပ်သည့်
စာလုံး‌များကိုကြည့်ကာ သူ့ရင်ဘတ်တွေတောင်
တုန်လာရ၏။

"သူဌေး...!"

ရုတ်တရက် ဝင်လာသည့် မဖြိုးကြောင့် စာရွက်ကို အံဆွဲထဲ ပစ်ထည့်ပစ်လိုက်မိသည်။ပန်းစည်း
ကြီးကတော့ အမြန်ဖွက်ဖို့ မမှီတော့။

မဖြိုးက ပုံပျက်နေသည့် သူ့ကို သတိထားမိသွားပြီး ပန်းစည်းကို မြင်သွားတော့သည်။မိန်းကလေး
ပီပီ ပန်းတွေကို စိတ်ဝင်စားစွာ ကြည့်ရင်း

"ပန်းစည်းကြီးက အကြီးကြီးပဲနော်။သူဌေး
လက်ဆောင်ရတာလား"

"ဪ...အင်း။ဟုတ်တယ်"

မဖြိုးမျက်နှာက အံ့ဩမှုများနှင့် ပြည့်နှက်
သွားကာ သင်္ဂါ့အား စူးစမ်းသလို မျက်လုံး‌မှေးကြည့်၏။စိတ်လှုပ်ရှားလွန်းပြီး စားပွဲခုံကိုသာ
လက်သည်းတြွေဖင့် ခြစ်နေမိရင်း မဖြိုးကို
မသိချင်ယောင် ဆောင်ထားပေမဲ့

"သူဌေး။မဟုတ်မှ...ဒီပန်းစည်းက..."

သင်္ဂါ ရင်တွေ ပိုတုန်လာသည်။စပ်စုနေတဲ့
မဖြိုးကို ဆူငေါက် လိုက်ချင်ပေမဲ့ သူကိုယ်တိုင်က အသက်ပင် ဖြောင့်အောင် မရှူနိုင်။

Total Where stories live. Discover now