Part 27

204 34 27
                                    

သူတို့ ရုပ်ရှင်ရုံထဲမှ ထွက်လာတော့ သျှားသည်
ထပ်ကြပ်မကွာပင် လိုက်လာခဲ့၏။သင်္ဂါက
မသိချင်ယောင်ဆောင်ထားပြီး ဆောင်းနှင့်သာ
စကားပြောနေ၏။

ဆောင်းကို သူ့ကားနားအထိ လိုက်ပို့ပေး
လိုက်သည်။သူမက ကားထဲဝင်ခါနီး သင်္ဂါကို
ရှက်ပြုံးနှင့် ကြည့်နေသေး၏။ဒါ ဘယ်လို
အခြေအနေလဲဆိုတာ သူလည်း မသိ။

"သန်ဘက်ခါ ဖေဖေမွေးနေ့ရှိတယ်။ကိုသင်္ဂါ့ကို
တစ်ခါတည်း ဖိတ်လိုက်ချင်လို့"

သူမက အိတ်ထဲမှ ဖိတ်စာလေးတစ်စောင်ကို
ထုတ်ပေးလာသည်။ဆောင်း၏ အဖေဆိုတော့
ဦးအာကာမျက်နှာရော၊ဆောင်း မျက်နှာရော
ကြောင့် သူ သွားရမှာပင်။

"ကိုယ် လာခဲ့ပါ့မယ်"

"ဖေဖေနဲ့လည်း မိတ်ဆက်ပေးချင်လို့လေ။
ဖေဖေက ဆောင်း ‌တွေ့နေတဲ့လူက ကိုသင်္ဂါ
ဆိုတာ သိတော့ ဝမ်းသာနေတာ"

သူမသည် အခြေအနေတွေအားလုံးကို သင်္ဂါ့အား
ပြောပြ၏။ရှက်ပြုံးများနှင့် သူမကိုယ်တိုင်လည်း
ဝမ်းသာနေလား မသိ‌။

သို့ပေမဲ့ သင်္ဂါကတော့ ကျောက်ရုပ်တစ်ရုပ်လို
တုံ့ပြန်မှု မဲ့နေမိသည် ကိုယ် သဘောကျသည့်
ကောင်မလေး၏ အသိုင်းအဝိုင်းက ကိုယ့်ကို
လိုလားတယ်ဆိုတာ သိပ်ပျော်စရာကောင်းသင့်
သည်ဆိုပေမဲ့ ...

"ဒါဆို ဆောင်း ပြန်တော့မယ်နော်။ကောင်းသော
ညပါ ကိုသင်္ဂါ။စောစောလည်း အိပ်ဦး"

"Bye ဆောင်း"

သူမ၏ ကားလေးကို မြင်ကွင်းမှ ပျောက်ကွယ်
သွားသည်အထိ သူငေးနေမိ၏။လက်ထဲမှ
ဖိတ်စာကို အကြောင်းမဲ့ ငုံ့ကြည့်ကာ သူ့စိတ်ထဲ
လေးလံလာရသည်။

သင်္ဂါ မနိုင်ဇာတ်များ က,မိနေပြီလား။

"ဆြွေပမျိုးပြပေါ့နော်"

သူ့အနားကို ဘယ်အချိန်က ရောက်လာမှန်း
မသိသော သျှားသည် သင်္ဂါ့ဘေးနား ယှဉ်ရပ်ရင်း
ဆိုလာ၏။ရှေ့တူရှူကို ကြည့်နေပြီး အခုထိ
Hoodie ၏ခေါင်းစွပ်ကို စွပ်ထားဆဲ။

မသိရင် ခိုးကြောင်ခိုးဝှက် လုပ်မည့်ပုံနှင့်။

သူတွေးနေတုန်းမှာပဲ သျှားက ခေါင်းစွပ်ကို
လှန်ချလိုက်သည်။စည်းနှောင်ထားသော ဆံပင်
တို့မှာ အနည်းငယ် ဖရိုဖရဲနှင့် ပုံပျက်သွားပြီး
တစ်စတစ်စ မျက်နှာထက် ကျနေ၏။

Total Where stories live. Discover now