Part 25

226 28 14
                                    

ကသစ်၏ တိုက်ခန်းရှေ့တွင် သူရပ်နေမိတာ
အတော်ကြာပြီ ဖြစ်သည်။လူခေါ်ဘဲလ်ကို
နှိပ်ဖို့အတွက် တုံ့ဆိုင်းနေမိပြီး တွေဝေနေတာ
အတော်ကြာ၏။

ကသစ်နှင့် ပြဿနာတွေ ဖြစ်ပြီးကတည်းက
အဆက်အသွယ် ပြတ်ခဲ့တာပင်။အရွယ်ရောက်ပြီ
ဖြစ်သော ကောင်မလေးသည် သင်္ဂါမရှိလည်း
သူ့ဘာသူ ရပ်တည်နေနိုင်ပြီဆိုတာ သူ့ဆီ
မဆက်သွယ်သော ရက်များက သက်သေပင်။

နောက်ဆုံးတော့ ကသစ်က သူ့အနားက
ထွက်သွားနိုင်ပြီ ဖြစ်သည်။ဘယ်သူမှမရှိတဲ့
သူ့ဘဝထဲ ကြိုးလေးတစ်ချောင်းအဖြစ်
ကသစ်က ငြိတွယ်စရာဖြစ်နေခဲ့တာ ကြာပြီမို့
မလွမ်းရတာကြာသည့် သင်္ဂါ လွမ်းမိသလိုလို
ဖြစ်လာသည်။

သျှား၏ စကားများကို ခြောက်ခြားနေမိတာလား၊
တစ်ကယ်ပဲ ကသစ်ကို သတိရမိတာလားလည်း
သူ မဝေခွဲနိုင်။အထီးကျန်မှာ ကြောက်နေသည့်
စိတ်နှင့် ကသစ်ကို ဆွဲထားချင်သည်လား
တွေးရင်း လူလုံးထွက်ပြရမှာတောင် ရှက်နေ
သလိုပင်။

နာရီဝက်လောက် တံခါးရှေ့ အချိန်ဖြုန်းနေမိပြီး
ရုတ်တရက်ဆိုသလို တံခါးက ပွင့်ဟသွားသည်။
အမှိုက်သွားပစ်မည့်ပုံပေါ်သော ကသစ်သည်
သင်္ဂါ့ကိုမြင်တော့ အံ့ဩသွားဟန်။သူသည်လည်း
ရယ်ပြရမလား၊အိမ်ထဲပဲ တန်းဝင်လိုက်ရမလား
ဝေခွဲမရ ဖြစ်နေတုန်း

"ဖေဖေ ဘာလို့ ဘဲလ်မတီးတာလဲ?"

"ဩ...အခုမှ ရောက်တာပါ။"

"ဝင်လေ။ကသစ် အမှိုက်ခဏသွားပစ်ဦးမယ်"

သင်္ဂါ အိမ်ထဲဝင်လိုက်သည်နှင့် ကသစ်က သူ့ကို
တံခါးပိတ်ကာ ထားခဲ့သည်။ကသစ်နေသည့်
အခန်းပတ်ပတ်လည်ကို လိုက်ငေးနေရင်းက
သူ့အိမ်မှာ ပျောက်ဆုံးနေပြီဖြစ်သည့် သမီး
ဖြစ်သူ၏ အငွေ့အသက်တွေကို ပြန်ခံစားလိုက်
ရသလိုပင်။နံရံမှာ အဖြူအမဲ ဓာတ်ပုံကြီးတစ်ပုံ
ချိတ်ထားပြီး မိမိုက်နေသော ကသစ်သည်
တက်သစ်စလေးဟုပင် ထင်ချင်စရာ မရှိ။
ပထမဆုံး ကသစ်က ဝါသနာနဲ့ သင့်တော်ပါလား
ဟူသော အတွေးကို ရလိုက်မိသည်။

ဆယ်မိနစ်လောက်ကြာတော့ ကသစ်က
အခန်းထဲ ပြန်ဝင်လာသည်။သူ့အတွက် လိမ္မော်ရည် ဖျော်ပေးပြီး

Total Where stories live. Discover now