Part 7

233 32 6
                                    

"ခင်ဗျားတို့သားက ကျွန်တော့်သမီး အိပ်ခန်းထဲ
ခိုးဝင်တယ်ဗျ!!"

နားဝင်ဆိုးသော စကားအစချီသံမှာ မေထက်ရော
ကိုဟန်ပါ ရင်ဘတ်ဖိမိသည်။ဦးသင်္ဂါဘက်က
လူကြီးချင်း တွေ့ကြပါမည်ဆိုလို့ သျှားအိမ်ကို
သူမတို့ လာခဲ့မိတာ။အခုလို သတင်းဆိုးကြီး
နားထောင်ရလိမ့်မည်ဟု လင်မယား
နှစ်ယောက်လုံး မထင်ထားခဲ့ကြပေ။

"သင်္ဂါ။မောင်လေး စိတ်အေးအေးထားပြီး
ပြောပါ။အစ်မသားက အဲ့လို ကလေးမျိုး
မဟုတ်ဘူး!"

မေထက်၏ စကားအဆုံးမှာ သင်္ဂါက ‌ဒေါသနှင့်
ပြန်ကြည့်လာသည်။သူမတို့ သိကျွမ်းခဲ့သည့်
နှစ်များထဲ သင်္ဂါ့၏ အပြုအမူတွေကို မရင်းနှီး
ပေမဲ့ အခုလို ကြမ်းတမ်းနေတာမျိုးတော့
မပြုမူလောက်ဘူးဟု ထင်ခဲ့တာပင်။

အခုဆို သင်္ဂါက ကျားနာ တစ်ကောင်လိုမျိုး
သူမတို့ မိသားစုကို ရွံ့ရှာစွာ ကြည့်နေ၏။

"မမေထက်သားက အဲ့လိုလူမျိုး မဟုတ်ဘူး
ဆိုတော့ ကျွန်တော့်သမီးက သူ့ကို အခန်းထဲ
ခေါ်ခဲ့တာပေါ့လေ။အဲ့လို သဘောလား"

အခြေအနေသည် ပိုမိုတင်းမာလာသည်။ဒေါသ
ကြီးနေသော သင်္ဂါနှင့် စိတ်မြန်လက်မြန်
မေထက်တို့အကြား ကောင်းမွန်သည့် အဖြေ
ရမှာ မဟုတ်ဘူးဆိုတာ ဟန်မင်းသိလေတော့

"စိတ်လျော့ကြ။ဒါ ကလေးတွေကိစ္စလေ။
တစ်ယူ မသန်ပဲ အကျိုးအကြောင်း ဆွေးနွေး
ကြတာ ပိုကောင်းမယ်"

ဟန်မင်းစကားကြောင့် မေထက်က စိတ်လျော့
သွားသည်။သင်္ဂါကတော့ ‌ဒေါသ ထွက်မြဲ
ထွက်ဆဲပင်။

"သင်္ဂါ။အစ်ကို့ကို အသေးစိတ် ပြောပြပေးလို့
ရမလား"

သင်္ဂါသည် အံကိုကြိတ်လို့ သက်ပြင်းချသည်။
သူက ဒေါသတွေကို မျိုသိပ်ထားရင်းမှ

"မနေ့က ကျွန်တော်ပြန်လာတော့ အိမ်တံခါး
ပွင့်နေတယ်။ပြီးတော့ အိမ်ပေါက်ဝမှာ
ယောက်ျားစီး ဖိနပ်တစ်ရံကိုလည်း တွေ့တယ်။
အဲ့တာကြောင့် ကသစ်ဆီ သွားကြည့်တော့
ကျွန်တော့်သမီးက အရက်မူးပြီး နှိုးလို့တောင်
မရဘူး။"

မေထက်ရော ဟန်မင်းပါ မျက်စိမျက်နှာ ပျက်နေ
ကြချေပြီ။သင်္ဂါက မျက်ခမ်းစပ်တွေ ရဲနေသည်
အထိ ဒေါသထွက်နေခဲ့ပြီး

Total Where stories live. Discover now