Part 3

253 32 0
                                    

ရယ်မောနေသည့် ကသစ်၏ အသံလေးက
သင်္ဂါ့နားစည်ကို လာထိခတ်သည်။ခြံထဲ
ကြည့်လိုက်ပေမဲ့ သူ့ သမီးမရှိ။မထင်မှတ်ထားဘဲ
တစ်ဖက်ခြံကို ကြည့်လိုက်တော့ ကသစ်သည်
ဟိုကောင်လေး သုံးယောက်နှင့် နပန်းလုံးတမ်း
ဆော့နေ၏။

"ကသစ်!!!"

ဒေါသကြောင့် သင်္ဂါ အကျယ်ကြီး အော်လိုက်
မိသည်။ကသစ်ကလည်း ထိုကောင်လေး
သုံးယောက်ကို ထုထောင်းနေရင်းမှ သူ့ဆီ
လှမ်းကြည့်ကာ

"ဖေဖေ ပြန်လာပြီ"

ပျော်နေသည်မှန်း သိသာသော ကလေးမလေးက
သင်္ဂါ့ကို ပြုံးပြလာ၏။သျှားဆိုသော ကလေးနှင့်
သူ့ သူငယ်ချင်းနှစ်ယောက်ကလည်း သင်္ဂါ့ကို
နှုတ်ဆက်ဖို့ ပြင်လိုက်စဉ်မှာပင်

"မင်း မိဘတွေ ဘယ်မှာလဲ"

ရုတ်တရက်မို့ သျှားလည်း ကြောင်အသွားသည်။
ဒေါသ‌ထွက်နေသည့် သင်္ဂါ့ပုံကြောင့် မိဘတွေကို
မေးခြင်းက ကောင်းသော မေးခြင်း မဟုတ်ပေ။

"ဘာဖြစ်တာလဲ သျှား"

မေထက်နှင့် ကိုဟန်မင်းတို့၏ ကားလေးက ခြံထဲ
ဝင်လာပြီး ပေတူးနေသော ကလေးသုံးယောက်နှင့် သင်္ဂါ့ကို ကြည့်ကာ တစ်ခုခုဖြစ်သွားသည်ကို
နားလည်လိုက်သည်။

သင်္ဂါက စောနက ဒေါသတကြီး ဖြစ်နေသော
မျက်နှာထားကို အရုပ်မဆိုးစေအောင်
အမြန်ထိန်းကာ မေထက်ရှိရာ လှည့်ရင်း

"ဘာမှမဖြစ်ပါဘူး မမေထက်။ကလေးတွေ
အဆော့လွန်နေလို့ ထိန်းပေးနေတာပါ။ပြီးတော့
ကသစ်ကလည်း ငယ်သေးတယ်။ကြမ်းတမ်းတဲ့
ဆော့နည်းတွေနဲ့ ဆော့ရင် ကလေးကို ထိခိုက်
မှာစိုးလို့ ကျွန်တော် ကသစ်ကို ပြန်ခေါ်သွား
တော့မယ်"

မေထက်သည် သင်္ဂါ့အပြောမှာ ကသစ်ကို
ကြည့်လိုက်မိသည်။ကလေးမလေး၏ တံတောင်ဆစ်တွင် ပွန်းပဲ့ရာတို့မှာ အပြည့်။

"အားနာလိုက်တာ။ကသစ်လေး ဒဏ်ရာရနေပြီ။
ကျွန်မ ဆေးထည့်ပေး.."

"ကျေးဇူးတင်ပါတယ် မ‌မေထက်။ကျွန်တော်ပဲ
ဆက်လုပ်လိုက်ပါ့မယ်။"

ကသစ်၏ လက်သေးသေးလေးကို ဆွဲကိုင်
ထားသော သင်္ဂါ့လက်တို့မှာ တင်းကျပ်စွာ။
သျှားသည် သူ့အားလှည့်ကြည့်လှည့်ကြည့်
လုပ်နေသည့် ကသစ်ကို ကြောင်ကြည့်နေတုန်း
မှာပင် မေမေ့၏ ‌အေးစက်စက် အသံက
အစားထိုး ဝင်ရောက်လာသည်။

Total Where stories live. Discover now