Part 32

212 31 14
                                    

မိုးသံတွေ တဖြည်းဖြည်း တိတ်ဆိတ်သွားသလိုပင်။ဒါမှမဟုတ် သင်္ဂါ့ နားထဲ ဘာအသံမှ
မကြားနိုင်တော့တာ ဖြစ်မည်။

သူ့ရင်ဘတ်ပေါ်မှာ ပါးအပ်ထားသည့် သျှား၏
အလေးချိန်နှင့် စကားသံတွေကိုတော့ သူကြား
နေရသည်။သူ့အသိတွေ အချိန်တစ်ခုထိ
လွတ်ပြီးမှ သတိပြန်ဝင်လာချိန်မှာတော့ သျှားကို
တွန်းထုတ်ကာ လက်သီးတစ်ချက် ပစ်သွင်း
မိလိုက်တော့သည်။

သူ့ လက်သီးချက်ကြောင့် သျှားတစ်ယောက်
အနောက်မှာ ပုံထားသည့် ပစ္စည်းပစ္စယတွေထဲ
လဲကျ‌သွားတော့သည်။သင်္ဂါလည်း မိုးတွေ
ရွာနေတာကို မမှုတော့ဘဲ တဲထဲမှထွက်ကာ
ကားဆီ ပြေးသွားလိုက်တော့၏။သူအခုချိန်
ရင်တွေ တုန်နေတာပဲ သိသည်။သျှားကို
မျက်နှာချင်းဆိုင်ဖို့ အရမ်းရှက်စရာကောင်းသည့်
ခံစားချက်တစ်ခုတည်းနဲ့တင် အဲ့ကောင်လေးရဲ့
အဝေးကို ပြေးချင်လှပြီ။

"ဦးသင်္ဂါ!"

မိုးသံများထဲ သျှား၏ အော်သံတို့က မပီမသ။
ကားစက်နှိုးလို့ အကြမ်းပတမ်း မောင်းထွက်
ခဲ့မိသည့် သင်္ဂါ့မှာ အသိတရား ကပ်မနေခဲ့။

Steering wheel ကို ကြောက်လန့်တကြား
ဆုပ်ကိုင်ထားမိပြီး အရှိန်အမြှင့်ဆုံးနှင့်
မောင်းထွက် လာခဲ့မိသည်။လမ်းတွေချော်နေ
တာကြောင့် သတိထားရမည်ဆို‌တာလည်း
သင်္ဂါ မသိတော့။

အိမ်ပြန်ရောက်တော့ မိုးစဲသွားပြီ ဖြစ်သည်။
ရေစိုနေသော အဝတ်အစားများနှင့် မှန်ရှေ့
ရပ်ကာ သူ့ပုံသူ ပြန်ကြည့်မိနေသည်မှာ အတော်
ကြာ၏။စောနကလေးတင် သျှားပြောခဲ့သည့်
စကားများလည်း နားထဲ တဝဲလည်လည်။

အပြစ်ရှိစိတ်ကလေးသည် စိတ်ငြိမ်သည်နှင့်
တစ်စတစ်စ နေရာယူလာတော့သည်။ထိုနေရာမှာ
သျှားကို ထားခဲ့မိသည့် သူ့ကိုယ်သူ အပြစ်တင်လို့
မဆုံးပေ။မိုးထဲလေထဲ အဲ့ကောင်လေး ဘယ်လို
ပြန်လာပါ့မလဲ။

ဖုန်းကိုထုတ်လို့ Online ကနေ Taxiတစ်စီး
ငှားကာ သျှားကို သွားကြိုခိုင်းလိုက်သည်။
ထိုTaxiနှင့် သျှား ပြန်မလာမချင်း သူ့မှာ
အင်္ကျီရေစိုကြီး‌ကိုတောင် မလဲနိုင်ဘဲ အခန်းထဲ
ကနေ တစ်ဖက်ခြံကို ခိုးချောင်းနေရသည်။

Total Where stories live. Discover now