Part 8

222 35 0
                                    

တပ်ထားဆဲ မျက်မှန်ကို ချွတ်လို့ စားပွဲပေါ်သို့
ဖြစ်သလို ပစ်တင်လိုက်သည်။Screen time
အရမ်းများနေပြီမို့ သျှား မျက်ရိုးတွေ ကိုက်ခဲလို့
နေ၏။ခဏတာ အနားပေးဖို့ လိုအပ်တာကြောင့်
မျက်စဉ်းခပ်ကာ မှိန်းနေလိုက်သည်။နာရီကို
ကြည့်တော့ နေ့လယ် ၁၁ထိုးချေပြီ။

အမြဲပိတ်လှောင်ထားမိသော အခန်းတံခါးကြီးကို
ဖွင့်လိုက်ပြီး မြင်နေရသည့် နော်ဝေပင်လယ်၏
အလှတရားတို့ကို ရှူစားကြည့်လိုက်သည်။
ဂျူလိုင်လက ဘာဂန်မြို့မှာ အပူဆုံးလဆိုပေမဲ့
အပူပိုင်းဒေသကလာသည့် သျှားလိုလူ
အတွက်တော့ 15°Cဆိုတာ အသည်းခိုက်အောင်
အေးနေတုန်းပင်။

ကမ္ဘာမှာ လည်ပတ်ချင်စရာ အကောင်းဆုံး
မြို့တွေထဲက တစ်မြို့ဖြစ်သည့် ဘာဂန်မှာ
လာနေပြီး စာတွေကုန်းလုပ်နေရသော သူ့အဖြစ်သူ အနည်းငယ်တော့ ရင်နာမိ၏။သည်တစ်ရက်တော့ စာတွေကို ဘေးခေါက်ထားရင်
ကောင်းမလား...

တစ်ကယ်တော့ စာတွေအသည်းအသန်
ကုန်းလုပ်နေသည်က သူ့အတိတ်တွေကို
မြန်မြန်မေ့ပစ်နိုင်ဖို့အတွက် အာရုံလွှဲနေခြင်းပင်။
နောက်ရက်ထဲ IELTSစာမေးပွဲ ဖြေဖို့ရှိပြီး
ဩဂုတ်လမှာ တက္ကသိုလ်အပ်ဖို့ သူစီစဉ်ထား
တာကြောင့် တစ်ခြားအတွေးတွေကို ခဏ
ဘေးဖယ်ထားဖြစ်သည်။သူ့မှာ အချိန်ပိုဆိုတာ
မရှိ။

ရုတ်တရက် Video call ဝင်လာတာကြောင့်
သျှား ခေါ်ဆိုသူကို ကြည့်ရင်း သက်ပြင်းသာ
ချလိုက်မိသည်။Screenပေါ်မှာ ပေါ်နေသည့်
ပုံသည် နှာခေါင်းပေါက်ကြီး နှစ်ပေါက်ကို
အနီးကပ်ရိုက်ထားကာ ရုပ်ပြောင်နေသော
မိန်းကလေးတစ်ဦး။

"ဖရာယာ။ဒီတစ်နေ့တည်းမှာတင် နင်ငါ့ကို
ဖုန်းခေါ်တာ လေးခါနော်"

ဖရာယာဆိုသော နော်ဝေသူလေးက သူမ၏
ရွှေရောင်ဆံပင်များကို ထိပ်မှာ စုစည်းနေရင်း
သျှားကို ပြုံးပြသည်။ထို့နောက်မှာတော့
အင်္ဂလိပ်ဘာသာစကားနှင့် အကျယ်ကြီး
ထအော်၏။

"ငါပျင်းလို့!!"

သျှား ရယ်လိုက်မိသည်။သင်တန်းမှာ ရင်းနှီး
ခဲ့သည်ဆိုပေမဲ့ ဖရာယာက ငယ်ပေါင်းလို
သျှားကို ဆက်ဆံသည်မို့ သူ ယောင်လည်လည်
မဖြစ်ခဲ့ရ။‌ပေါင်းသင်းဆက်ဆံ‌ရေးမှာ‌တော့အတော်လေး ဗရုတ်ကျသည့်နော်ဝေသူပင်။

Total Wo Geschichten leben. Entdecke jetzt