EXTRA

1.7K 103 3
                                    

Zawgyi

ခက်တစ်ရာနဲ့ သုရောင်နေကို မိဘတွေက သူတို့စကားအတိုင်း သုရောင်နေအသက် ၂၀ပြည့်တာနဲ့ လက်ထပ်ပေးကြသည်။ သုရောင်နေက ကမ်းခြေမှာ outdoor wedding လုပ်ချင်တယ်ဆိုလာတာကြောင့် ခက်တစ်ရာက သုရောင်နေ့သဘောကို လိုက်လျောကာ ကမ်းခြေမှာ မင်္ဂလာဆောင်ဖြစ်ခဲ့ကြသည်။

သူတို့နှစ်ယောက်စလုံး အဖြူရောင်သတိုးဝတ်စုံကို ဝတ်ဆင်ခဲ့ကြပြီး နှစ်ယောက်စလုံး ကိုယ်စီ ပန်းစည်းလေးတွေကိုင်ကာ တစ်ယောက်လက်ကို တစ်ယောက်တွဲလို့ မင်္ဂလာခန်းမထဲ ဝင်ခဲ့ကြသည်။
သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲမှာ သူတို့ရဲ့ ကတိသစ္စာပြုမှုနဲ့အတူ လက်စွပ်ချင်း ဖလှယ်ရင်း အကြင်ဇနီးမယားအရာ မြောက်စေခဲ့သည်။

မင်္ဂလာပွဲပြီးလို့ ပန်းစည်းပစ်တော့လည်း သတို့သမီးနှစ်ယောက်စလုံးက သူတို့ရဲ့ပန်းစည်းကို တစ်ပြိုင်တည်းအတူပစ်ကြသည်။

နှစ်စည်းလုံးကို ခုန်ဖမ်းသူကတော့ ပိုင်သော်ဇင်ပင်။
မင်္ဂလာဆောင်ဓာတ်ပုံထဲမှာတောင် သူက ပန်းစည်းနှစ်စည်းနဲ့ ကိုကို့လက်ကိုတောင် ချိတ်ထားသေးသည်။

ဓာတ်ပုံAlbumကို တစ်ရွက်ချင်းလှန်ကြည့်ရင်း သုရောင်နေ ပြုံးနေမိသည်။

အဲဒီနောက်မှာတော့ သားသားရဲ့တည်ရှိမှုလေးကို စတင်သိခဲ့ရတဲ့ ultrasoundပုံကလေးကို albumထဲမှာ တွေ့ရသည်။

မမနဲ့သူ့ရဲ့ မင်္ဂလာသက်တမ်း တစ်နှစ်ပြည့်ပြီးချိန်မှာ သားသားကို လူ့ကောကထဲခေါ်နိုင်ဖို့ သူတို့တွေ အမျိုးမျိုး ကြိုးပမ်းခဲ့ကြသည်။

တစ်နှစ်ကျော်နီးပါး ကြာမြင်ခဲ့ပြီးနောက် အဖိုမျိုးဥအလှူရှင်နဲ့ သားသားကို IVFနည်းနဲ့ သုရောင်နေ ကိုယ်ဝန်လွယ်နိုင်ခဲ့သည်။

သုရောင်နေ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း တစ်အိမ်လုံးက သည်းသည်းလှုပ် ဂရုစိုက်ကြသည်။ မမကဆို မျက်နှာတစ်ချက် အညိုမခံ။ ရောင်နေ ဘာစားချင်သလဲ ဘာလုပ်ချင်သလဲနဲ့ မျက်စိအောက်က အပျောက်မခံဘဲ အရိပ်တကြည့်ကြည့် ကြည့်ပြီး အလိုလိုက် အကြိုက်ဆောင်ကာ ဖြစ်ချင်တာမှန်သမျှ ဖြည့်ဆည်းပေးတတ်သည်။

It's Okay To LoveWhere stories live. Discover now