Zawgyi
"ကိုကြီးကလည်း ကြာလိုက်တာ သူပဲလာကြိုမယ်ပြောခဲ့ပြီးတော့"
သုရောင်နေ ကျောင်းရှေ့ရှိ လုံခြုံရေးဂိတ်တဲတွင် အိမ်ကလာကြိုမည့်အချိန်ကို ထိုင်စောင့်နေသည်။
"သုရောင်နေ မပြန်ရသေးဘူးလား"
သူ့ကို လာမေးသည်က အတန်းဖော် ပိုင်သော်ဇင်ဖြစ်သည်။ ပိုင်သော်ဇင်နှင့်
သုရောင်နေသည် မူလတန်းမအထက်တန်းထိ ကျောင်းတူပြီး တစ်ခန်းတည်း အတူတက်ခဲ့ကြသည့် သူတွေဖြစ်သည်။ အတန်းစဉ်ဆုတွေအတူယူခဲ့ကြပြီး ပြိုင်ဖက်တဖြစ်လည်း သူငယ်ချင်းတွေ ဖြစ်ကြသည်။"ငါ ကူစောင့်ပေးမယ်လေ"
"ရပါတယ် နင်ပြန်စရာရှိတာပြန် စက်ဘီးနဲ့ပြန်ရမှာကို အိမ်ပြန်နောက်ကျနေဦးမယ်
ငါကတစ်ယောက်တည်းလဲ နေရဲတယ်""ငါက ကိစ္စမရှိဘူး နင်က အရေးကြီးတာ ငါစောင့်ပေးမယ်"
မိမိသူငယ်ချင်းက ဒီလိုလည်း စိတ်သဘောထားကောင်းပါသည်။ သို့သော် တစ်ခါတစ်ရံ သူနှင့်အပြိုင် ငြင်းခုန်တတ်တာကတော့ ပိုင်သော်ဇင်ရဲ့ မကောင်းတဲ့အကျင့်ဖြစ်သည်။
"အငယ်မ"
ဟော...ပြောရင်းဆိုရင်း ကိုကိုရောက်လာသည်။ မနက်က ကိုကြီးက သူလာကြိုမယ်ပြောခဲ့တာ ခုတော့ မအားပြန်ဘူး ထင်ပါသည်။ အစ်ကို၅ယောက်ရှိတာ ဒီလိုကျလည်း တစ်မျိုးကောင်းပါသည်။ ကျောင်းအသွားအပြန် အကြိုအပို့က တစ်မျိုးစီ၊ ကိုကြီးနှင့်ဖေဖေက ကားဖြင့်ပို့သဖြင့် ခပ်ငြိမ့်ငြိမ့် လိုက်ရသည်။ ကိုကိုနှင့်ဆိုလျှင်တော့ သူ့အကြိုက်ဝယ်ထားသော ဆိုင်ကယ်ကြီးတွေနဲ့မို့ တစ်ခါတစ်ရံ ခပ်လန့်လန့် တစ်ခါလည်း လူငယ်သဘာဝ ခပ်ပျော်ပျော် ခံစားချက် အသစ်အဆန်းတွေလည်း ရသေးသည်။
"အငယ်မ... အော် ပိုင်သော်ဇင် စောင့်ပေးနေတာလား"
"ဟုတ်တယ် "
"ရောင်နေ ဒါဆိုငါပြန်ပြီ
ကိုကို ကျွန်တော် ပြန်လိုက်ပါဦးမယ် "
YOU ARE READING
It's Okay To Love
Romanceဒေါက်တာမမနဲ့ ငယ်ဆုံးသမီး ဂျစ်တူးလေးတို့ရဲ့ အချစ်ရေး ရိုးရိုးရှင်းရှင်း love storyလေးပါပဲ ကိုယ်ရဲ့ပထမဆုံးဆိုပေမဲ့ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားပြီးရေးမှာပါ။ ဒေါက်တာ မမနဲ့ အငယ်ဆုံးသမီးလေးတို့ရဲ့ အချစ်ရေး ရိုးရိုးရှင်းရှင်း love story လေးပါ...