Zawgyi
နေ့လည်စာစားချိန်တွင် အတန်းရှေ့၌ သုရောင်နေနှင့် ပိုင်သော်ဇင် မျက်နှာချင်းဆိုင် စုံကြသည်။
"ရောင်နေ ထမင်းစားပြီးပြီလား"
"ပြီးပြီလေ ဒီချိန်မှတော့ မပြီးဘဲနေမလား"
"မေးမိတဲ့ငါ မှားတာ"
"သော်ဇင် နင့်ကို ကျောင်းက ဂိုက်တန်းတက်ဖို့ခေါ်တာ ငြင်းလိုက်တယ်ဆို"
"အေး ဟုတ်တယ် နင်ဘယ်ကကြားတာလဲ"
"Extraတန်းမှာ ဆရာမပြောပြတာ"
"ဩော်"
"ဒါနဲ့ နင်က အပြင်မှာ ကျူရှင်ယူတာလား ဒါမှမဟုတ် စာသင်ဝိုင်းလား"
"ငါက အိမ်မှာပဲ ငါ့တီလေးက သင်ပေးတာ ၃နှစ်တောင်ရှိနေပြီ"
"ဒါဆို နင် ဘာကျူရှင်မှ မတက်ဘူးပေါ့ အဲ့လိုလား"
"အင်း ကြုံလို့သာပြောတာ ငါ့တီလေးက တကယ်တော်တာ"
"သော်ဇင် နင် ကြွားလည်း ကြွားတတ်တာပဲလား"
သုရောင်နေက ပိုင်သော်ဇင်ကိုကြည့်ပြီး မျက်မှောင်ကျုံ့သည်။ ပိုင်သော်ဇင်က ထိုမျက်နှာထားကြောင့် တစ်စုံတစ်ရာကို သတိရသွားပြီး အံ့ဩနေသည်။
ဖုန်းမျက်နှာပြင်ပေါ်ကနေ အမှတ်တမဲ့တွေ့လိုက်ရတဲ့ မျက်နှာတစ်ခုက သူ့မှတ်ဥာဏ်ထဲတွင် ထင်ထင်ရှားရှား ပေါ်လာသည်။
"နင်မလား"
"အစမရှိ အဆုံးမရှိ"
"ဟုတ်တယ် နင်ပါ ဘာလို့ငါ ချက်ချင်း မမှတ်မိပါလိမ့်"
"ဘာလဲလို့ ငါ့ကိုလည်း ရှင်းပြဦးလေ"
"နင် ငါ့တီလေးနဲ့ ဘယ်လိုလုပ်သိတာလဲ"
"နင့်တီလေးကို ငါက ဘယ်လိုလုပ်သိမှာလဲ"
"ခက်ခက် ယောင်လို့ ခက်တစ်ရာကို ပြောတာ"
![](https://img.wattpad.com/cover/224500987-288-k978954.jpg)
YOU ARE READING
It's Okay To Love
Romanceဒေါက်တာမမနဲ့ ငယ်ဆုံးသမီး ဂျစ်တူးလေးတို့ရဲ့ အချစ်ရေး ရိုးရိုးရှင်းရှင်း love storyလေးပါပဲ ကိုယ်ရဲ့ပထမဆုံးဆိုပေမဲ့ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားပြီးရေးမှာပါ။ ဒေါက်တာ မမနဲ့ အငယ်ဆုံးသမီးလေးတို့ရဲ့ အချစ်ရေး ရိုးရိုးရှင်းရှင်း love story လေးပါ...