It's okay to love 12

5.3K 356 15
                                    

Zawgyi

အောင်စာရင်းထွက်မည့်မနက်တွင် ကျောင်းရှေ့၌ ကျောင်းသားလူငယ်များနှင့် မိဘများ စုရုံးရောက်ရှိနေကြသည်။ ကျောင်းသားများသာမက
မိဘများကပါ အောင်စာရင်းကြေညာမည့်အချိန်ကို ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြသည်။
ကျောင်းသားများသည် ဟိုတစ်စုသည်တစ်စု စုဝေးနေကြပြီး ကိုယ်ပို်င်ကျောင်းဖြစ်၍ အတန်းပိုင်ဆရာမအချို့ကိုလည်း ကျောင်းသားများ မြင်တွေ့ရသည်။ ကျောင်းသားဘဝ၏ စိတ်လှုပ်ရှားရင်အခုန်ရဆုံးအချိန်အခါသမတွင် သုရောင်နေကတော့ ပဲပေါင်မုန့်ကို ပါးစပ်ထဲအပြည့် ကိုက်ပြီး ပါးစောင်လေးတလှုပ်လှုပ်ဖြင့်စားနေသည်။

သုရောင်နေနှင့် မနီးမဝေးတွင်ရှိနေသော ကျောင်းသူတစ်သိုက်ထဲမှ တစ်ယောက်က ကျန်တဲ့သူတွေကို လက်တို့လိုက်ပြီး သုရောင်နေဘက်ကို မျက်စပစ်ပြသည်။

"သူများတွေပူလောင်နေတာကို သူကအေးအေးဆေးဆေးစားနေနိုင်တယ်"

"ဟုတ်ပါ့ မြင်ရတာ မျက်စိဆံပင်မွှေးစူးတယ်"

"Roll1ကြီးလေဟယ် နင်တို့ကလည်း ဒီလောက်ရှိမှာပေါ့ Roll1ကြီးကို မပြောကြပါနဲ့ဟယ်"

ကျောင်းသူတစ်သိုက်က သုရောင်နေကို လှောင်သလိုလိုပြောင်သလိုလို စကားတွေပြောပြီး
သူတို့ချင်း တဟီးဟီးတဟားဟား ရယ်နေကြသည်။

"ရောင်နေ ဒီတစ်ခုပြီးရင် ထပ်မစားတော့နဲ့နော်"

သုရောင်နေက သူ့အစားကိုသူ ဂရုစိုက်၍ ဟိုကောင်မလေးတွေပြောတာကို မကြား။ ပိုင်သော်ဇင်ကသာ ဘေးကဝင်ထိန်းရသည်။

"သော်ဇင် ငါမစားလို့မရဘူး နင်လည်းသိသားနဲ့"

သုရောင်နေက စိတ်လှုပ်ရှားလျှင် ရင်တုန်၍ တစ်ခုခုစားမှသာ အဆင်ပြေသည်။

"နင်စိတ်လှုပ်ရှားလို့စားတာ ငါပဲသိတာလေ သူများတွေအမြင်မှာကျ နင့်ပုံစံက ထီမထင်တဲ့ရုပ်ပေါက်နေတာလို့ ငါတားတာ"

သုရောင်နေက နောက်ဆုံးလက်ကျန်ပေါင်မုန့်ကို ဖြေးဖြေးမေးအေး ဝါးပြီးမှ-

"အဲ့တာဆိုလည်း မမဆီပဲ ပြန်သွားတော့မယ်"

သုရောင်နေက ရှေ့ကထွက်သွား၍ ပိုင်သော်ဇင် နောက်ကလိုက်ရပြန်သည်။ ခက်တစ်ရာက သူတို့နှင့်ခပ်လှမ်းလှမ်းရှိ လူရှင်းသည့်နေရာတွင် သုရောင်နေ၏ဆရာမနှင့် စကားပြောနေသည်။

It's Okay To LoveWhere stories live. Discover now