It's okay to love 1

18.8K 599 19
                                    

Zawgyi

"အစ်မ" သူနာပြုဆရာမ မမွန်က လူနာကြည့်ခန်းထဲကို တစ်ယောက်တည်း ဝင်လာသည်။

"မမွန် လူနာရော....လွှတ်လိုက်တော့လေ" 

"အဲ့တာက အစ်မရယ် ပြမယ့်ကလေးက 

ဆးခန်းရှေ့မှာငိုနေတာ ခေါ်လို့လည်းမရဘူး"

"ဆေးခန်းရှေ့မှာလား"

"ဟုတ်တယ် အစ်မ "

"ဒါဆို ကျွန်မ လိုက်ကြည့်လိုက်မယ်လေ" 

ကလေးက အဖျားကြီးပြီး ငိုနေသလားဆိုပြီး သို့လောသို့လော အတွေးများနှင့် ခက်တစ်ရာ ဆေးခန်းရှေ့သို့ ထွက်ကြည့်မိသည်။

"မေမေ့ သားအိမ်ပြန်မှာဆို ပြန်ပို့လို့ဆို သား ဖေနဲ့တိုင်မှာနော်"

"ပူတူးလေးကလည်း လိမ်မာပါတယ်ဆိုမှ 

ိုးချင်သေးတာလား"

"အမေ့လို့ ဟင့် ပြန်မှာပါဆို ဆေးခန်းကို ဘာလို့ခေါ်လာတာလဲ"

"ဘာဖြစ်နေကြတာလဲရှင်"

"ဒီက ဆရာဝန်လား"  

"ဟုတ်ကဲ့ ကျွန်မ ဒီဆေးခန်းက ဆရာဝန်ပါရှင့်"

လူနာရှင်ဖြစ်ဟန်တူသော အမျိုးသမီး၏အမေးကို ခက်တစ်ရာ ယဉ်ကျေးစွာ ပြန်လည်ဖြေကြားလိုက်ပါသည်။ ဘေးက ကလေးကတော့ သူ့ကို ကြောင်အအမျက်ဝန်းများဖြင့် ကြည့်နေသည်။ 

"လူနာက ဒီမောင်လေးလားရှင့် "

"မောင်လေး မဟုတ်ဘူးဗျ 
သားက မိန်းကလေး"

"အယ်တော်"

ခက်တစ်ရာ မိမိဘက်က မဆင်မခြင် သုံးလိုက်မိတဲ့ အသုံးအနှုန်းကြောင့် တစ်ဖက်ကလေးကို အနည်းငယ် အားနာသွားပါသည်။ ခက်တစ်ရာ သူထင်ထားသလို မဟုတ်ဘဲ လွဲသွားသည်ကိုပင် အံ့သြနေမိသည်။ သူမြင်နေရသည်က သူ့ရှေ့တွင်ရပ်နေသော ကလေးသည် နားအောက်သာရှိသော ဆံပင်ဖြောင့်ဖြောင့်ဆင်းဆင်းလေးတွေကို  နားရွက်အနောက်ကို ညှပ်ထားသည်။ သူ့ထက်ဆိုဒ်ကြီးနေသော ရှပ်အင်္ကျီအဖြူအပွနှင့် ဒူးလောက်ဘောင်းဘီအပြာလေးကို ဝတ်ထားသည့်အပြင် တစ်ခြားသော လက်ဝတ်ပစ္စည်းများက အလှအပကြိုက်တတ်သော ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ယောက် ဝတ်ဆင်လိုသည်များ မပါဝင်သောကြောင့် ယောက်ျားလေးကဲ့သို့ နေထိုင်လိုသော မိန်းကလေးဖြစ်မည်ဟု ထင်မိ၍ မောင်လေးဟုသာ ခေါ်လိုက်မိသည်။ ဒါကလည်း ထိုသို့သော ကလေးတော်တော်များများက ညီမလေးဟုခေါ်လျှင် သူ့ကိုမျက်မှောင်ကျုံ့ပြီး ပြန်ကြည့်တတ်လွန်း၍ ဖြစ်သည်။ ဒီကလေးကတော့ အများမတူ သူ့ကိုယ်သူသုံးနှုန်းသည်က သားဖြစ်ပြီး မိမိက မောင်လေးခေါ်တော့ မိမိကို အမှားပင် ပြင်ပေးလိုက်သေးသည်။ ဘေးနားမှာရှိနေတဲ့ ကလေးရဲ့အမေကို ကြည့်လိုက်တော့ သူ့ကလေး၏အပြုအမူများအတွက် အားနာနေပုံရ၍ ရပါတယ်ဆိုတဲ့ သဘောမျိုးနှင့် ပြုံးပြလိုက်တော့ တစ်ဖက်ကလည်း ပြန်လည်ပြုံးပြပါသည်။

It's Okay To LoveWhere stories live. Discover now