It's okay to love Final Chapter

8.1K 402 50
                                    

Zawgyi

"မေမေရေ လေးလေးထွဋ်ရေ ဒီကိုလာကြဦး"
သားက အာခေါင်ခြစ်ပြီး အော်ခေါ်နေတာမို့ ခက်တစ်ရာက လုပ်လက်စအလုပ်တွေကို ပစ်ချထားပြီး သားဆီကို ပြေးသွားရသည်။

"သား ဘာဖြစ်လို့လဲ"

ထွဋ်မြတ်က အခန်းထဲက ထွက်လာပြီး သားရှေ့ ဒူးထောက်ထိုင်ကာ မေးလိုက်သည်။

"ငယ်နဲ့ သော်သော် ရန်ဖြစ်နေကြတယ်"

ထွဋ်မြတ်ကလေးကိုချီပြီး ရန်ဖြစ်နေကြတဲ့ ပေါက်စနှစ်ယောက်ရှေ့ သွားရပ်လိုက်သည်။

"ကဲ ဘာဖြစ်ကြတာလဲ"

"ဘာဖြစ်ရမှာလဲ ကိုကို့နှမလုပ်ပုံ မဟန်လို့လေ"

"ငယ် ဘာတွေလုပ်လိုက်လို့လဲ"

ခက်တစ်ရာလည်း ရောက်လာတော့ လူစုံသွားသည်။ သူတို့တွေ ရှည်ရှည်ဝေးဝေး မေးနေစရာတော့ မလိုပါဘူး။ သုရောင်နေရဲ့ပြီတီတီမျက်နှာကို ကြည့်ရုံနဲ့ ဘယ်သူ့အမှားလဲဆိုတာ သူတို့သိသည်။

"ငယ်လေး မမမေးတာဖြေလေ သော်ဇင် စိတ်တိုအောင် ဘာတွေလုပ်ထားလဲ"

"ငယ် ဘာမှမလုပ်မိပါဘူး"

ခက်တစ်ရာမယုံမှန်းသိလို့ သုရောင်နေက ဆက်ပြောသည်။

"တကယ်ပြောတာ ငယ် ပန်းကန်လေးတစ်လုံး ကျကွဲတာကလွဲပြီး ကျန်တာဘာမှမလုပ်ဘူး မမ"

"လူကြည့်တော့ အသက်ကဖြင့်ကြီးနေပြီ ပန်းကန်လေးတစ်လုံးကို မြဲအောင်မကိုင်နိုင်သေးဘူး ကျွန်တော်က ပြောသာပြောနေရတာ သူက ဆင်ခြေဆင်လက်ဆင်နားရွက်အပြည့် ခုလည်း ပန်းကန်ကပဲ သူလက်ထဲက ခုန်ဆင်းရတယ်ရှိသေး"

"ငါတကယ်ပြောတာ ပန်းကန်က ငါ့လက်ထဲကနေ ခုန်ဆင်းသွားတာပါဆိုမှ"

"ငါပြောလိုက်ရ မကောင်းရှိရော့မယ် နင်လွတ်ကျရင် လွတ်ကျတယ်ပေါ့"

"ကဲတော်ကြစမ်း မင်းတို့အသံကျယ်နေတာနဲ့ သားက တကယ်ရန်ဖြစ်နေတယ်ထင်နေပြီ"

သားကိုကြည့်တော့ မျက်နှာငယ်လေးဖြင့် သူတို့ကို ကြည့်နေသည်။ ကလေးဆိုတော့ သူ့စိတ်ထဲ ရန်ဖြစ်နေကြတယ်ပဲ ထင်တော့မှာပေါ့။

It's Okay To LoveWhere stories live. Discover now