It's okay to Love 8

6.1K 400 13
                                    

Zawgyi

"ဥက္ကဌကြီးရှင့် ဧည့်သည်ရောက်နေပါတယ်"

အတွင်းရေးမှူးလေးက ဥက္ကဌကို ဖုန်းနဲ့လှမ်းချိတ်ပြီး ခွင့်တောင်းရင်း ခက်တစ်ရာဘက်ကို လှည့်ပြုံးပြသည်။

"အစ်မခက်တစ်ရာပါရှင့်"

"ဟုတ်ကဲ့ရှင့်"

"အစ်မ ဝင်သွားလိုက်ပါနော်"

"ကျေးဇူးပဲနော်"

ခက်တစ်ရာက အတွင်းရေးမှူးလေးကို ကျေးဇူးတင်စကားပြောပြီး ဥက္ကဌဦးမင်းဟန်ရှင်း၏ ရုံးခန်းထဲသို့ ဝင်သွားသည်။

"ခက်ခက် လာထိုင်"

မင်းဟန်းရှင်းက သူ၏အလုပ်စားပွဲမှ ထလာပြီး ဆိုဖာပေါ်တွင် ထိုင်ရင်း ခက်တစ်ရာကို ထိုင်ရန် လက်ပြပေးသည်။ ခက်တစ်ရာလည်း မင်းဟန်ရှင်း ညွှန်ပြသည့်နေရာတွင် ဝင်ထိုင်လိုက်သည်။

"ခက်ခက် ကိစ္စထွေထူးရှိလို့လား"

"ကိစ္စကတော့ အမေနဲ့အဖေရဲ့၃နှစ်ပြည့်နေ့ပါ နင်များ မေ့နေမလားလို့ ငါက လာသတိပေးတာ"

မင်းဟန်ရှင်းနှင့် ခက်တစ်ရာသည် အသက်အရွယ်တူသော်လည်း တူအရီး တော်စပ်ကြသည်။ မင်းဟန်းရှင်းနှင့်
ခက်တစ်ရာ၏အဖေသည် အမေတူအဖေကွဲ ညီအစ်ကိုတွေဖြစ်ကြသည်။ မိဘတွေဆုံးပါးသွားပြီးနောက်ပိုင်းမှာ ခက်တစ်ရာ၏အဖေက ညီဖြစ်သူကို ခေါ်ယူစောင့်ရှောက်ခဲ့သည်။ မင်းဟန်ရှင်းအတွက် ခက်တစ်ရာ၏အဖေသည် အစ်ကိုကြီးလည်း ဟုတ်သလို အဖေလိုလူမျိုးလည်း ဖြစ်ခဲ့သည်။

"ဟာ...ဟုတ်သားပဲ ငါတကယ်မေ့သွားတာ အစ်ကိုကြီးနဲ့အစ်မကတော့ ငါကို စိတ်ဆိုးနေတော့မှာပဲ"

"နင်က အလုပ်တွေများတဲ့သူပဲလေ နောက်ပြီး သူတို့တွေက ငါ့ထက်တော့ နင့်ကို ပိုပြီး နားလည်ပေးကြမှာပါ"

"နင်ကလည်းဟာ ခုချိန်ထိ နင့်ရင်ထဲမှာ အစိုင်အခဲတွေ ရှိနေသေးတာလား"

"ငါက စကားအဖြစ်ပြောတာပါ"

"ကဲပါ အဲ့ဒါတွေ ထားတော့ ဦးလေးတို့အတွက် နင်ဘာလုပ်ပေးချင်လဲ ငါဘာကူညီရမလဲ"

"အဲ့နေ့ကျရင် အိမ်ကို ဘုန်းကြီး၅ပါးလောက်ပင့်ပြီး ဆွမ်းကပ်ပေးမလားလို့ နောက်ပြီး မိဘမဲ့ကလေးတွေကို ခေါ်မွေးစားထားတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်း သိထားတယ် အဲ့ဒီကိုသွားပြီး အလှူလေးလုပ်မလားလို့"

It's Okay To LoveWhere stories live. Discover now