It's okay to love 7

6.2K 418 7
                                    

Zawgyi

ပိုင်သော်ဇင်နိုးလာတော့ ထွဋ်မြတ်က အခန်းထဲတွင် ရှိမနေ။ အရင်ထသွားနှင့်သည်။ ပိုင်သော်ဇင်လည်း မျက်နှာသစ်ပြီး အခန်းထဲက ထွက်လာလိုက်သည်။

အိမ်ထဲကို စူးစမ်းကြည့်တော့ အန်တီက မီးဖိုချောင်ဝင်နေပြီး ဦးလေးက သတင်းစာဖတ်နေသည်။ အိမ်ထဲတွင် ကိုကို့ကို အရိပ်အယောင်လေးတောင် မမြင်ရ။ ဒါနဲ့ သူလည်း သိချင်စိတ်ကြောင့် တစ်ယောက်ယောက်ကို မေးလိုက်ရမလား တွေးမိသည်။ ဦးလေးကို မေးဖို့ကကျ နည်းနည်းလန့်နေသေး၍ အန်တီသံစဉ်ဆီကိုပဲ ဦးတည်လိုက်သည်။

"အန်တီ"

"ဩော် သော်ဇင် နိုးလာပြီလား"

"ဟုတ်"

"သား ထမင်းစားတော့မလား ဗိုက်ဆာနေပြီလား"

"ဟင့်အင်း မဆာသေးပါဘူး"

"ဒါဆိုလည်း ပြီးမှ တူတူစားကြတာပေါ့နော်"

"ဟုတ် ဒါနဲ့ ကိုကိုရောဟင် အန်တီ သားမတွေ့မိလို့"

"မင်းကိုကိုရှိတယ် အိမ်ရှေ့မှာ အပင်ရေလောင်းနေလောက်မယ်"

"ဟုတ်ဟုတ် ဒါဆို သားသွားကြည့်လိုက်ဦးမယ်ဗျ"

"အေး သွားသွား"

ထွဋ်မြတ် အိမ်ရှေ့တွင် သီချင်းလေး ညည်းရင်း ပန်းပင်တွေ ရေလောင်းနေချိန် တစ်ယောက်ယောက်က ပခုံးပုတ်လိုက်၍ ယောင်ယမ်းပြီး လက်ထဲကိုင်ထားတဲ့ ရေပိုက်နှင့် နောက်လှည့်ကာ ပက်လိုက်မိသည်။ ရေနဲ့ပက်မိပြီးခါမှ ပိုင်သော်ဇင်ဖြစ်နေ၍ အားနာရသည်။ အားနာပေမဲ့ တကယ်ကို အားနာပေမဲ့လည်း ပိုင်သော်ဇင်က ရေတွေစိုရွဲပြီး ကြွက်စုတ်လေးလို ဖြစ်နေတာကို မြင်ရတော့ ရယ်ချင်စိတ်ကို မထိန်းလိုက်နိုင်ဘဲ ခွီခနဲ ရယ်လိုက်မိသည်။

ပိုင်သော်ဇင်သည် ရေနဲ့အပက်ခံလိုက်၍ အစပိုင်းတွင် မည်သို့တုန့်ပြန်ရမည်မသိသည့်အခြေအနေမှ ထွဋ်မြတ်က ထရယ်တော့ သူလည်း အလိုလို လိုက်ရယ်နေမိပြန်သည်။

It's Okay To LoveWhere stories live. Discover now