It's okay to Love 10

6.1K 407 13
                                    

Zawgyi

မမအိမ်ကနေ ပြန်လာပြီးနောက် သူတို့ရဲ့နေ့ရက်တွေဟာ ပုံမှန်လည်ပတ်ရင်း အချိန်တွေကလည်း တရွေ့ရွေ့နဲ့ ရွေ့လျားလာခဲ့သည်။

သုရောင်နေနှင့် ပိုင်သော်ဇင်သည် စာမေးပွဲကြီး နီးလာသည့်နှင့်အမျှ သူတို့ရဲ့အချိန်တွေကို စာထဲကိုသာ အာရုံစိုက်ရင်း ကုန်ဆုံးစေခဲ့သည်။ ခက်တစ်ရာကလည်း ဆေးရုံဆေးခန်းအလုပ်များနှင့် မအားလပ်သည့်ကြားမှ သူတို့နှစ်ယောက်အတွက် အချိန်ကို သီးသန့်ဖယ်ထားပြီး လစ်ဟာမှုမရှိအောင် ဂရုစိုက်ပေးနေခဲ့သည်။

ဒီလိုနဲ့ လူငယ်တွေရဲ့ ကျောင်းသားဘဝတွင် တစ်ဆစ်ချိုးပြောင်းလဲစေနိုင်သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးသည် မတ်လတွင် စတင်ခဲ့သည်။

"ကလေးနှစ်ယောက်လုံး စိတ်အေးအေးထားနော် ကလေးတွေက စာတွေအကုန်ရပြီးသား မေးခွန်းဟောင်းတွေလည်း အပြန်ပြန်အလှန်လှန် လုပ်ထားတာမို့ ဘာမှမစိုးရိမ်နဲ့ မေးခွန်းကိုသာ ပြည့်ပြည့်စုံစုံသေချာဖတ် မကျန်ခဲ့စေနဲ့နော် ဖြေပြီးရင်သေချာပြန်စစ် မလောနဲ့ နံပါတ်တွေလည်းသေချာလိုက်စစ်နော် မမစိတ်ချမယ်နော်"

"ဟုတ် မမ စိတ်မပူနဲ့ ငယ်ရော သော်ဇင်ရောက မမအတွက် ဘာသာစုံဂုဏ်ထူးယူပေးမှာ"

"လိမ်မာလိုက်တာ"

ခက်တစ်ရာက သုရောင်နေကို ခေါင်းလေးပုတ်ပြီး ချီးကျူးစကားဆိုသည်။ သုရောင်နေရဲ့ မိဘတွေကတော့ ထိုမြင်ကွင်းကို ပြုံးပြီး ကြည့်နေကြသည်။

"ရောင်နေ ဝင်ကြရအောင်လေ"

" မေမေ ဖေဖေ မမ ငယ်တို့သွားပြီနော်"

"ဂရုစိုက်ဖြေနော် သမီးငယ်"

"ဟုတ်"

"ပိုင်လေးရောနော် ခက်ခက်စိတ်ချမယ်နော်"

"ဟုတ် ခက်ခက်"

ခက်တစ်ရာ ကလေးတွေ ကျောင်းထဲဝင်သွားတာကို မျက်စိတစ်ဆုံးလိုက်ကြည့်နေမိသည်။ ညဘက်ဆိုလည်း ငယ်နဲ့သော်ဇင် စာဖတ်တာကို ခက်တစ်ရာဘေးနားက ထိုင်စောင့်ပေးသည်။ ငယ်လေးကို ထားခဲ့ပြီး အိမ်ပြန်ရမည်ကို စိတ်မချ၍ ခက်တစ်ရာ စာမေးပွဲတစ်တွင်းလုံး ငယ်တို့အိမ်မှာပဲ အိပ်ဖြစ်ခဲ့သည်။ အခုလည်း ကလေးတွေ စာမေးပွဲအခန်းထဲမဝင်ခင် စိတ်အေးအေးထားဖို့ ခက်တစ်ရာက မှာလိုက်ပေမဲ့လည်း လက်တွေ့မှာ တကယ်ဖြေရမယ့်ကလေးတွေက အပူပင်မရှိ အေးအေးဆေးဆေးဖြစ်နေပြီး လူကြီးတွေကသာ သူတို့လေးတွေအတွက် ပူပန်နေရသည်။

It's Okay To LoveWhere stories live. Discover now