It's okay to love 15

5.9K 381 33
                                    

Zawgyi

စာသင်နှစ်တစ်နှစ်ကုန်ပြန်လေတော့ စာမေးပွဲကြီးကို ချောချောမွေ့မွေ့ဖြေဆိုနိုင်ဖို့ ကျောင်းသားတွေ စာအုပ်ပုံတွေကြားထဲ ခေါင်းမြုပ်နေကြသည်။ စာတော်တဲ့ကျောင်းသားကလည်း တော်တဲ့အလျောက် ဂုဏ်ထူးရရေးအတွက် တစ်နှစ်စာသင်ရိုးကို လှန်လိုလှန်မှောက်လိုမှောက် ဘယ်နေရာဖောက်မေးမေး ဖြေဆိုနိုင်ဖို့ ကျက်မှတ်လေ့လာရသည်။ class workမပြည့်မီတဲ့ ကျောင်းသားကလည်း အောင်နိုင်ဖို့ ကျက်ရသည်။ class workပြည့်တဲ့ကျောင်းသားကလည်း Finalစာမေးပွဲအောင်ဖို့ ကျက်ရပြန်သည်။ စာမေးပွဲမဖြေခင်နှစ်ပတ်အလိုတွင် ကျောင်းသားများ၏စာကျက်ချိန်အတွက် ကျောင်းပိတ်ပေးထားသည်။

"အား......ရူးတော့မယ်"

စာအုပ်ပုံတွေ ပတ်လည်ဝိုင်းနေကြားထဲတွင် မုဆိုးမထိုင်ထိုင်နေပြီး မျက်ကွင်းကဟောက်ပက် ဆံပင်ကစုတ်ဖွားနှင့် မြင်နေရသော သုရောင်နေသည် ပန်းသာပန်ထားမယ်ဆိုလျှင် သေချာပါသည်။ ပဌာစာရီနှင့် နင်လားငါလား မထူးမခြားနားသော အခြေအနေတွင် ရှိသည်။ သူ့နံဘေးက ပိုင်သော်ဇင်ကလည်း သူ့လောက်မဆိုးပေမဲ့ သူ့ထက်တော့မသာ။

အခြေခံဖတ်ကိုဖတ်ရမယ့် ကျောင်းစာအုပ်ကိုတောင် ကျောင်းသားတွေက များလှတယ် အောက်မေ့တာ။ သူတို့လို ဂုဏ်ထူးအတွက်vivaဖြေရမည့် ကျောင်းသားတွေဆိုလျှင် အပိုထပ်စောင်း၍ medical bookတွေကိုပါ ဖတ်ရသည်။

"သော်ဇင် ငါတို့က ဘာလို့ ဒီစာတွေ ကျက်နေရတာလဲဟင်"

သုရောင်နေအသံက ငိုသံတစ်ဝက်စွက်နေသည်။ စာမေးပွဲကြောင့် stressများပြီး တစ်နေ့တစ်ခါတော့ ရယ်လိုက်ငိုလိုက်ပင်။

"ခဏလေး နားကြအောင် နင်လည်း ပင်ပန်းနေပြီ"

"အညောင်းပြေအညာပြေ လမ်းလျှောက်ရင်း မုန့်သွားဝယ်စားရအောင် လာပါ ထ..ထ"

ပိုင်သော်ဇင်က ဆွဲထူပေးတာသုရောင်နေက ထလိုက်သွားသည်။ နှစ်ယောက်စလုံး မျက်ကွင်းလေးတွေကျပြီး ညှင်းသိုးသိုး ရုပ်ပေါက်နေကြသည်။

စတိုးဆိုင်တွင် သူတို့အတွက် ခေါက်ဆွဲတစ်ဗူးစီ ကြက်ဥချောင်း၂စောင်းစီမှာပြီး ဆိုင်ထဲမှာပဲ ထိုင်စားကြသည်။ ဆိုင်မှာထိုင်စားရတဲ့အရသာကို သူတို့သဘောကျသည်။

It's Okay To LoveDonde viven las historias. Descúbrelo ahora