Zawgyi
ထွဋ်မြတ် အိမ်ပြန်ရောက်တော့ ထုံးစံအတိုင်း အငယ်မတို့ စာသင်သည့် ဧည့်ခန်းဘက်ကို စူးစမ်းကြည့်သည်။ ပိုင်သော်ဇင်ကလွဲပြီး ကျန်တဲ့လူတွေ ရှိမနေတာကြောင့် ဧည့်ခန်းထဲသို့ ဝင်သွားလိုက်သည်။
"သော်ဇင် တစ်ယောက်တည်းလား"
"ဟုတ်ကဲ့ ကိုကို"
"မမခက်နဲ့ အငယ်မရော"
"ခက်ခက်က ရောင်နေ နေမကောင်းလို့ ဆေးတိုက်ဖို့ဆိုပြီး အိမ်ပေါ်တက်သွားတာ ပြန်ဆင်းမလာသေးဘူး"
"မေမေတို့ရော ပြန်မရောက်သေးဘူးလား"
"ဟုတ်ကဲ့ ဦးလေးနဲ့အန်တီရယ်၊ ကိုကြီးရယ်ကလွဲပြီး ကျန်တဲ့သူတွေကတော့ ပြန်ရောက်နေကြပြီ"
"မေမေကလည်း ဒီနေ့မှနောက်ကျနေတာလား"
"မေမေ ရောက်ပါပြီရှင် မေမေက ဒီအချိန်ပြန်လာတာ ပုံမှန်ချိန်ပါ နောက်မကျပါဘူး"
အန်တီတေးသံစဉ်က အချိန်ကိုက် အိမ်ပြန်ရောက်လာသည်။
"မေမေ့သမီး နေမကောင်းဘူးတဲ့
အဲ့တာ မမခက်ကစောင့်ပေးနေရတော့
ဒီကလေးက တစ်ယောက်ထဲ ထိုင်စောင့်နေရတာ""မင်းတို့ကြီးကြီးနဲ့မိအေးရော ဘယ်မှာလဲ ကလေးနားဘာလို့မနေကြသတုန်း"
"ကြီးကြီးက နေမလို့ပါပဲတော်
ဒါမဲ့ဆရာမလေးက ကြက်ပေါင်းတွေ ကိုယ်တိုင်လုပ်ပြီး ကလေးဆီသွားတော့ ကြီးကြီးလည်း စိတ်ချလက်ချနေမိတာပါ""ဟုတ်သလား ဒီလိုဆိုလည်း ကျွန်မ သွားကြည့်လိုက်ပါဦးမယ် သားငယ်က သော်ဇင်လေးနဲ့ အဖော်လုပ်ပေးလိုက်ဦး ကလေးက စာလုပ်စရာတွေရှိသေးတယ်နဲ့တူတယ်"
"ဟုတ်ကဲ့"
"မိအေးကရေ မိအေး"
"ဟုတ်ကဲ့ လာပြီရှင့်"
"သော်ဇင်နဲ့သားငယ် စားဖို့ ထမင်းစားပွဲပြင်ပေးလိုက်ဦး"
![](https://img.wattpad.com/cover/224500987-288-k978954.jpg)
YOU ARE READING
It's Okay To Love
Romanceဒေါက်တာမမနဲ့ ငယ်ဆုံးသမီး ဂျစ်တူးလေးတို့ရဲ့ အချစ်ရေး ရိုးရိုးရှင်းရှင်း love storyလေးပါပဲ ကိုယ်ရဲ့ပထမဆုံးဆိုပေမဲ့ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားပြီးရေးမှာပါ။ ဒေါက်တာ မမနဲ့ အငယ်ဆုံးသမီးလေးတို့ရဲ့ အချစ်ရေး ရိုးရိုးရှင်းရှင်း love story လေးပါ...