It's okay to Love 9

5.8K 386 2
                                    

Zawgyi

လွန်ခဲ့သော ၁၀နှစ်.........

"သမီးလေး အဲ့တာအမှန်မဟုတ်ဘူးမလား အမေ့ကို ညာနေတာမလား"

"သမီး ညာစရာအကြောင်းမရှိဘူး မေမေ"

"သမီးရယ် မိန်းကလေးတစ်ယောက်က ဘယ်လိုလုပ် တစ်ခြားမိန်းကလေးတစ်ယောက်နဲ့ အိုကွယ် မကြားဝံ့မနာသာ"

မေမေသည် အခြေအနေမှန်ကို သိသေးပုံမရ။

"ဖေဖေ သမီးချစ်သူကို သူ့အိမ်အထိလိုက်ပြီး ဘာတွေသွားပြောလိုက်လဲ"

"သမီးချစ်သူဟုတ်လား ဟိုကောင်မကလည်း ချစ်သူ ချစ်သူနဲ့ ညည်းတို့ကိုယ်ညည်းတို့ လူကြားကောင်းတယ် ထင်နေလား"

"ဖေဖေ သူ့ကို ဘာတွေပြောခဲ့တာလဲ ဖေဖေဘာတွေပြောလိုက်လို့"

ခက်တစ်ရာ အဖေ့ရှေ့တွင် မျက်ရည်မကျချင်၍ ပြောလက်စစကားကို ရပ်လိုက်သည်။

"ညည်းနဲ့ မတွေ့တော့ဖို့ တားခဲ့တာ ဒါပေမဲ့ ညည်းဟာမက တစ်ခါပြောရုံနဲ့ နားမလည်ဘူးလေ အဲ့တော့ နားလည်တဲ့ သူ့မိဘတွေဆီ သွားတွေ့ရတာပေါ့"

"ဖေဖေ သူ့အိမ်အထိ သွားပြီး အရှက်ခွဲခဲ့တာလား"

"ဒါတွေအကုန်လုံးကို ငါက ဘယ်သူ့အတွက် လုပ်ခဲ့တယ်ထင်လဲ ညည်းအတွက်ပဲပေါ့ ညည်းရှေ့ရေးဖြောင့်ဖြူးဖို့ ပတ်ဝန်းကျင်မှာ ဂုဏ်မငယ်ဖို့ အဖေတစ်ယောက်အနေနဲ့ လုပ်သင့်တာကိုလုပ်ခဲ့ပြီး မဖြစ်သင့်တာ မဖြစ်ရအောင် တားခဲ့တာ"

"သေချာစဉ်းစားပါဦးဖေဖေရယ် ဘယ်သူ့အတွက် လုပ်ခဲ့တာလဲဆိုတာ အဖေ့ဂုဏ်ဒြပ်တွေအတွက် မဟုတ်ဘူးလား"

ခက်တစ်ရာ ဖေဖေ့ကို စိမ်းစိမ်းကားကား ကြည့်လိုက်သည်။

"ညည်းအကြည့်တွေကို ပြင်စမ်း အဖေကို ဘယ်လိုမျက်လုံးတွေနဲ့ ကြည့်နေတာလဲ"

"ဒါဆို ကိုယ့်ရဲ့ဂုဏ်ဒြပ်အတွက် သမီးတစ်ယောက်ရဲ့ဖြစ်တည်မှုကိုတောင် လက်ခံမပေးနိုင်ဘဲ သမီးချစ်ရတဲ့သူကို သေစေခဲ့တဲ့ အဖေတစ်ယောက်ကို သမီးတစ်ယောက်က ဘယ်လို ကြည့်သင့်လဲ အဖေပြောလေ ပြောလေလို့"

ခက်တစ်ရာက ဖေဖေ့မျက်လုံးတွေကို တည့်တည့်ကြည့်ပြီး အော်ဟစ်လိုက်တော့ ဖေဖေဆီက သူပါးရိုက်ခံလိုက်ရသည်။

It's Okay To LoveWhere stories live. Discover now