It's okay to love 11

5.1K 352 27
                                    

Zawgyi

သုရောင်နေက မွေ့ယာပေါ်တွင် အိပ်နေရင်း ခက်တစ်ရာပေးတဲ့ဆွဲကြိုးလေးကို ကြည့်နေသည်။
သူသည် ဆွဲကြိုးလေးကို ကြည့်ပြီး ကြည်ကြည်နူးနူး ပြုံးသည်။ တစ်ဖန် ဆွဲကြိုးလေးကို ပြန်ကြည့်ပြန်သည်။

သူ့စိတ်ကူးထဲတွင် မနေ့က ခက်တစ်ရာက သူ့ကို ဆွဲကြိုးဝတ်ပေးပြီး နဖူးပေါ်အနမ်းခြွေခဲ့သည့် အချိန်ကို အတွေးရောက်ပြန်တော့ မျက်နှာလေး ရဲလာသည်။

သုရောင်နေသည် ခက်တစ်ရာနှင့် အပြင်သွားပြီး ပြန်လာကတည်းက ပြောင်းလဲသွားသည်။
မနက်ကိုလည်း စောစောထပြီး ဘုရားပန်းအိုး လဲသည်။ သောက်တော်ရေဖြည့်သည်။ ဆွမ်းတော် ကိုယ်တိုင်ကပ်သည်။ ဘုရားဖူးသည်။

မနက်ခင်းကတည်းက သုရောင်နေရဲ့အပြုအမူတွေ နောက်ပြီး ဘုရားဖူးသည်အထိကို အစ်ကိုတွေက ခပ်လှမ်းလှမ်းက စောင့်ကြည့်ခဲ့သည်။

"အငယ်ကောင် မင်းနှမ ဘာဖြစ်နေတာလဲ သိလား" စည်သူက သုရောင်နေနှင့် အနီးကပ်ဆုံးလူဖြစ်သည့် ထွဋ်မြတ်ကို မေးသည်။

"ကျွန်တော် ဘယ်သိမလဲဗျ"

"ငါသိပြီ" ဟန်မင်းက ကောက်ငါငင်ကာ ထပြောတော့ ကျန်တဲ့သူတွေက စိတ်ဝင်တစား နားထောင်သည်။

"အငယ်မ ဖုတ်ဝင်နေတာ နေမှာ"

ဘေးနားမှာရှိတဲ့လူအကုန်လုံး ဝိုင်းပြီး ဟန်မင်းခေါင်းကို ထုလိုက်ကြသည်။

"ဖုတ်ဝင်နေတဲ့သူက ဘုရားဖူးမလား ဦးနှောက်ရဲ့"

အငယ်သုံးယောက် တစ်ယောက်ကို တစ်ယောက် အပြစ်တင်နေချိန် ကိုလတ်မင်းထွဋ်ကတော့ သူ့နှမကို ကြည့်ပြီး ပြုံးသည်။ သူ့နှမပြောင်းလဲသွားခြင်း၏ အဖြေကို သူသိနေသည်လေ။

"ဟော...ထလာပြီ ထလာပြီ"

သုရောင်နေက ဘုရားခန်းထဲက ပြန်ထွက်လာပြီး
အခန်းရှေ့မှာ ရစ်သီရစ်သီလုပ်နေသော အစ်ကိုလေးယောက်ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး စုတ်သပ်သွားသည်။ အစ်ကိုတွေမှာ သူတို့နှမက မနေ့တစ်နေ့ကမှ ပြောင်းလဲလာပြီး စိတ်ကြီးဝင်နေကာ သူတို့ကို လူမိုက်ကြီးတွေကဲ့သို့ သဘောထားပြီး မတူသလိုမတန်သလို ဆက်ဆံလိုက်၍ ပြောစရာစကားပင် ပေါက်ဆုံးနေကြသည်။

It's Okay To LoveWhere stories live. Discover now