It's okay to love 3

6.6K 458 4
                                    

Zawgyi

သုရောင်နေ မနက်စောစောစီးစီး သီချင်းလေး တအေးအေးညည်းပြီး မြူးနေသည်။
မမက လျှောက်လည်ဖို့ ဒီနေ့လာခေါ်မည်ဟု သူ့ကိုပြောထားသောကြောင့် ညကလည်း တော်တော်နှင့်တော်တော် အိပ်မပျော်ဘဲ မနက်ကျပြန်တော့လည်း သူ့တစ်သက်တွင် တစ်ခါမှမနိုးဖူးသည့်အချိန်တွင် နိုးလာသည်။

သုရောင်နေက ငယ်ငယ်ထဲက တစ်ဦးတည်းသော သမီးမိန်းကလေးဖြစ်၍ မိဘတွေက အစ်ကိုတွေထက် ပိုပြီး ဂရုစိုက်သည်။ အပြင်သွားလျှင်လည်း မိဘတွေအစ်ကိုတွေနဲ့ကလွဲရင် သူ့တစ်ယောက်တည်း အပြင်မသွားဖူးပါ။ သူငယ်ချင်းတွေနဲ့ လျှောက်လည်ဖူးခြင်းလည်း မရှိခဲ့။

ဒီနေ့တော့ ပထမဆုံးအကြိမ်အဖြစ် သူနှင့်မမ နှစ်ယောက်တည်းသာ သွားမည်ဆိုတော့ သုရောင်နေ စိတ်လှုပ်ရှားနေသည်။ အအိပ်မက်သောသူက  စောစောစီးစီးနိုးနေပြီး ဘာလုပ်လို့လုပ်ရမှန်း မသိတော့ အမေဖြစ်သူ ဒေါ်တေးသံစဉ် နံနက်စာပြင်တဲ့နားတွင် ယောင်လည်ယောင်လည် သွားလုပ်နေသည်။

"သမီးငယ် အစောကြီးမနိုးစဖူး ဒီနေ့တော့ ဝီရိယတွေ ကောင်းနေပါ့လား"

"ဟဲဟဲ... ဒီနေ့ အပြင်ထွက်ရမှာဆိုတော့ သူ့အလိုလို နိုးလာတာ"

"သိပါတယ်ရှင် သိပါတယ်"

"မေမေ့ ဘာတွေချက်နေတာလဲ"

"သမီးအဖေပေါ့ ဆိတ်ပုဆိုးချက် စားချင်တယ်ဆိုလို့ အမေကိုယ်တိုင် ဝင်ချက်နေတာ"

"အော် သားဖို့ကရော"

"ကလေးအတွက်က ကိုက်လန်ကြော်ပေးမယ် ဒီကလေးက ဘယ်သူ့သွားတူသလဲမသိပါဘူး အရွက်ကြိုက်တာ အသားငါးလည်း ဟုတ်တိပတ်တိမစားနဲ့"

"မသိဘူးလေ သားမှမစားနိုင်တာ"

"ဒါနဲ့ ဆရာမလေးက ဘယ်ချိန်လာခေါ်မှာတဲ့လဲ"

"၉နာရီလောက် လာခဲ့မယ်တဲ့"

"အင်းခုမှ၇နာရီလောက်ပဲရှိသေးတာ
လိုပါသေးတယ် မေမေ့နား ထိုင်နေဦး"

It's Okay To LoveWhere stories live. Discover now