It's okay to love 13

5.2K 339 29
                                    

Zawgyi

အလှပြထားသော မှန်ဗီရိုထဲတွင် မူလတန်းကနေ အထက်တန်းအထိ သုရောင်နေ ရရှိထားသော ဆုတွေအပြင် ဘာသာစုံဂုဏ်ထူး၏ အထင်ကရ ဒိုင်းဆုကြီးတစ်ခုလည်း ထပ်တိုးရှိနေသည်။ နံရံပေါ်ချိတ်ဆွဲထားသော ဆုဓာတ်ပုံများကြားထဲတွင် ချင်းချွက်အနေဖြင့် အောင်စာရင်းထွက်သည့်နေ့က သူတို့တွေမိသားစုလိုက်အတူတကွရိုက်ထားသော ဓာတ်ပုံက ခန့်ခန့်ကြီး နေရာယူထားသည်။ တက္ကသိုလ်ဝင်တန်းတွင် ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော သုရောင်နေသည် ဆေးတက္ကသိုလ်ကို နံပါတ်စဉ်၂၀ဖြင့် ဝင်ရောက်နိုင်ခဲ့သည်။ ကျောင်းအပ်သွားတုန်းက ပင်မဆောင်ရှေ့တွင် ခက်တစ်ရာနှင့်သုရောင်နေတို့ နှစ်ယောက်တူတူဓာတ်ပုံရိုက်ခဲ့ပြီး ထိုဓာတ်ပုံကို သုရောင်နေက သူ့အိပ်ယာနံဘေးရှိ စားပွဲပုလေးတွင် ဓာတ်ပုံစတန်းဖြင့် တင်ထားသည်။

"တီ တီ တီ တီ"

နှိုးစက်သံက အခန်းငယ်ထဲတွင် တတီတီ ကျယ်လောင်စွာ မြည်နေသည်။ သုရောင်နေက နားကို ခေါင်းအုံးနဲ့ဖိပြီး ဆက်အိပ်ဖို့ ကြိုးစားသည်။
သို့သော် ဖုန်းringtoneမြည်လာသောအခါတွင်မူ သူစိတ်ပျက်လက်ပျက် ထရတော့သည်။

"ဟယ်လို"

"ရောင်နေ နင်အခုထိ မထသေးဘူးလား"

သော်ဇင်အော်သံစူးစူးကြောင့် သုရောင်နေ ဖုန်းနှင့်နားကို ခွာလိုက်ရသည်။

"နင်ကလေတစ်ညလုံးဇာတ်ကားတွေကြည့် မနက်ဆိုအိပ်ရာမထနိုင်ဘူး ပြီးရင် အတန်းထဲမှာငိုက် အဲ့တာကြောင့် နင့်ကိုပြောတာ တော်ရုံတန်ရုံပဲ ကြည့်ပါဆို"

ခက်တစ်ရာက ထမင်းကြော်ကြော်နေရင်း ထမင်းစားပွဲတွင်ထိုင်ကာ ဖုန်းပြောနေတဲ့ တူတော်မောင်ကို တစ်ချက်ကြည့်လိုက်သည်။ သူငယ်ချင်းနှစ်ယောက်သည် မနက်ခင်းတိုင်း ဘယ်သူပိုစိတ်ရှည်မလဲဆိုပြီး အချစ်စမ်းကြသည်။

"ရောင်နေ နင် နားရောနားထောင်နေရဲ့လား"

ပိုင်သော်ဇင်၏ အိပ်ရာနှိုးခြင်းဋီကာသည် သုရောင်နားထဲသို့ မရောက်။ တစ်ဖက်လူက အားတက်သရောပြောနေပေမဲ့ သုရောင်နေက အ်ပ်ရာပေါ်ငုတ်တုတ်ထိုင်ကာ လက်ပေါ်မေးတင်ပြီး အိပ်ပျော်နေသည်။

It's Okay To LoveHikayelerin yaşadığı yer. Şimdi keşfedin