Ep>>1..zg

869 11 0
                                    

🕊️ဇာတ်သိမ်းခန်းလေး🕊️

ဟူပင်းမြို့စွန်းလေး၌ ဖွင့်လှစ်ထားသည့် ကော်ဖီဆိုင်လေးမှာအေးချမ်းတိတ်ဆိတ်ပြီး ထိုင်ချင်စဖွယ်ကောင်းလှသည်။

လှပသော ပန်းပင်လေးများဖြင့်စီစီရီရီ အလှဆင်ထားပုံကလဲ အေးချမ်းပြီးဆွဲဆောင်မှုရှိလှသည်။

ဆိုင်၏အတွင်းပိုင်းရောအပြင်ပိုင်းမှာပါလှပသေသပ်တာကြောင့် ထိုဆိုင်၌လာရောက်လာကြသော ရောင်းသူဝယ်သူ အားလုံး၏စိတ်၌ အေးချမ်းလန်းဆန်းစေသည်။

မြို့ရဲ့အစွန်လေးမှာဖွင့်ထားသည်မို့ လူတွေအရမ်းစည်စည်ကားကားမရှိပေမဲ့ အော်ဒါ မှာယူကြသောကြောင့် ရောင်းအားကောင်းသောဆိုင်လေးလဲဖြစ်၏။

သာယာသောမနက်ခင်းလေးတွင် တိတ်ဆိပ်အေးချမ်းလှသောထိုဆိုင်လေးထဲ၌ထိုင်နေသော ကောင်လေးတစ်ယောက်။

အသက်အားဖြစ် နှစ်ဆယ်ဝန်းကျင်လောက်ဘဲရှိလောက်ဉီးမည်။

ထိုကောင်လေး၏ရုပ်ရည်မှာပြောစရာမလိုလောက်အောင်ပင် ချောမောပြီးကြည့်ကောင်းလှတယ် ချစ်ဖို့ကောင်းတယ်ဆိုပိုမှန်လိမ့်မည်...။

သူ၏ပုံစံမှာတည်ငြိမ်အေးဆေးလှပြီးကော်ဖီသောက်ရင်းစာအုပ်ဖက်နေပုံမှာ ဆွဲဆောင်မှုရှိလှသည်။

ထိုစဥျ...

ဆိုင်ထဲဝင်လာကျောင်းသူလေးနှစ်ယောက် ထိုနှစ်ယောက်ထဲမှတစ်ယောက်က စာဖက်နေတဲ့ကောင်လေးကိုတွေ့လိုက်တော့ သူမ၏မျက်လုံးတွေက နေနဲ့ထိမိတဲ့မှန်တချပ်လို လင်းလက်သွားကာ...

သူမ၏ ဘေးကအဖော်အား လက်တို့လိုက်တယ်...

" ဟဲ့ ဟို ဟိုမှာ အဲ့ဒါရှန်ကျန့်ကောမို့လား "

သူမအပြောကြောင့်ဘေးကအဖော်မိန်းကလေးကလဲ ထိုသူအားသေချာကြည့်လိုက်ကာ.....

" အားးးး ဟုတ်တယ် အဲ့ဒါ ရှန်ကျန့်ကောအစစ်ဟ ဟဲ့ လာ လာ လက်မှတ်သွားထိုးခိုင်းရအောင် "

" ရှန်ကျန့်ကောက အပြင်မှာပိုချောတယ်ဟာ "

" အေးဆိုဟာ စာအရေးအသားတင်ကောင်းတာမဟုတ်ဘူး ရုပ်ကလေးကလဲမင်းသားရှုံးတယ် အဟိ "

ဇာတ်သိမ်းခန်းလေး..Where stories live. Discover now