>Final<...Uni

1.7K 54 2
                                    

သာယာတဲ့မနက်ခင်းလေးက
အခုမှပဲ ကိုယ့်အတွက်
အဓိပ္ပာယ်ပိုရှိနေသလိုလို...
ဆက်ရှိနေ့မဲ့ မနက်ဖြန်တိုင်းဟာလဲ
အစွမ်းကုန် သာယာနေမှာအမှန်ပင်...
အချစ်ဆိုတဲ့နောက်ကွယ်က
ပျော်ရွှင်မှု၊ကြည်နူးမှုလေးတွေက
အခုတော့ ကိုယ့်အတွက်
အသက်ဝင်ခဲ့ပြီ.....။

ချစ်ရသူရဲ့ မျက်နှာလေးကို
ကြည့်ကာ နိုးထခွင့်မရသေးပေမဲ့လဲ
ထိုလူသားလေးအကြောင်းတွေးလိုက်မိရင်ကို
ရင်ထဲက ကြည်နူးမှုတွေဟာအတိုင်းအဆမဲ့...။

ကြည်ကြည်လင်လင်ပဲ
နိုးထခဲ့ပြီး သွက်လပ်စွာ
ပြင်ဆင်နေမိသည်က...
မြတ်နိုးရတဲ့ရပ်ဝန်းလေးစီ သွားဖို့ပင်...

ဖြစ်နိုင်ရင် ထိုလူသားလေးနဲ့
အမြန်ဆုံးနီးစပ်ချင်လှပြီ...။

အတွေးတွေနဲ့တောင်ကြည်နူးရင်း
ပြုံးနေမိသည့် ကိုယ့်ကိုယ်ကို
မှန်ထဲပြန်ကြည့်ရင် ''ဟက်'' ခနဲ
အသံထွက်အောင်ပင်
ရယ်လိုက်မိတော့တယ်...။

" ဝမ်လေးရာ မင်းကြောင့်နဲ့
ကိုယ်ရူးတော့မယ်ကွာ... "

ဝမ်လေး မျက်နှာလေးကိုမြင်ယောင်ရင်း
ပိုပြီးအရူးရင့်လာစေတာမို့...
အမြန်ပင် ထိုလူသားလေးစီသို့....။
.
.
.
.
.
.
.
.
.
.
ခြံထဲ ကားလေးကွေ့ဝင်လိုက်သည်နှင့်
တစ်ပြိုင်ထဲ ရှောင်ကျန့်ရဲ့အကြည့်များဟာ
ပန်းပင်တွေအစီအရီစိုက်ထားသော
နေရာတွင်သာ...ရစ်ဝဲလို့နေသည်..။

ထင်တဲ့အတိုင်းပင်.....
ကိုယ့်လူသားလေးက
ပန်းပင်တွေနားတွင်သေသပ်လှပစွာ
ချထားတဲ့ စာပွဲဝိုင်းလေးစီမှာပင်...။

ခုံဖြူလေးပေါ်တွင်
အဖြူရောင်နတ်သားလေးထိုင်နေသည့်အတိုင်း...ကိုယ့်လူသားလေးကတစ်ကိုယ်လုံးအဖြူရောင်တွေဆင်မြန်းထားသည်...။

နားကျပ်လေးတက်ထားပြီး
မျက်လုံးလေးမှိတ်ထားသည်မှာ
အနုပညာထဲ စီးမျောနေဟန်...
စားပွဲပေါ်သို့ကြည့်လိုက်မိတော့
ဖတ်လက်စ စာအုပ်လေးဟာ
ဖွင့်ရက်ပင်ရှိနေသည်...။

​နီးကပ်လာလေ ဖြူအုနေသော မျက်နှာလေးဟာ ပို၍ဆွဲဆောင်လာလေပင်...
မျက်ဝန်းတွေကို မှိတ်ထားတာကြောင့်
မရှည်မတို မျက်တောင် ခပ်စိတ်စိတ်ဟာ
ခပ်စင်းစင်းလေးဖြစ်ကာအတော်လေးကြည့်လို့ကောင်းသည်...။

ဇာတ်သိမ်းခန်းလေး..Where stories live. Discover now