Ep>>14..Uni

702 43 1
                                    

🕊️ဇာတ်သိမ်းခန်းလေး🕊️

အချိန်တွေဟာ မြန်လွန်းတာမို့
ကျောင်းတွေတောင်နှစ်ဝက်သို့ရောက်ခဲ့ပြီဖြစ်သည်...။

မျက်မှန်လေးပင့်လို့
ကျောင်းဝန်းထဲလျှောက်လှမ်းလာရင်း
တစ်စုံတစ်ယောက်ကိုတော့
သတိရစမွဲ...။

ဟူးးးး

သက်ပြင်းမောကိုချလိုက်ရင်း
ဆက်၍လှမ်းခဲ့လိုက်သည်...။

" စစ်ကျွေးး "

" ဟမ် "

ရှေ့ကနေ ပစ္စည်းတွေမနိုင့်တနိုင်သယ်နေတဲ့ စစ်ကျွေးကိုတွေ့တာမို့ သူလှမ်းခေါ်လိုက်ခြင်းဖြစ်သည်...။

" ဒါက  ဘာတွေလဲ... "

" ဆရာ့ကို ကူသယ်ပေးနေတာပါကွာ "

" အာ..ပေးပေး ငါရောကူသယ်ပေးမယ် "

စစ်ကျွေးစီက ပစ္စည်းတချို့တဝက်ကို
လက်လွှဲယူရင်း မျက်မှန်လေးကိုတချက်ပင့်ကာ...။

" ဘယ်အခန်းလဲ "

" ငါ့နောက်ကလိုက်ခဲ့ "

" ဟွန့် "

စစ်ကျွေးစကားကြောင့်...
နှာခေါင်းတချက်ရှုံ့လိုက်ပြီး
နောက်မှလိုက်ရတော့သည်...။

တစ်ယောက်သောသူကတော့
အကွယ်တစ်နေရာမှ ကြည့်နေရင်း
ပြုံးနေမိပါရဲ့...။

" ချစ်ဖို့ကောင်းတယ် အဟွန်း "

တကယ်ပြောတာ
မျက်မှန်လေးပင့်လိုက်တာကအစ
နှာခေါင်းလေးရှုံ့လိုက်တာအဆုံး
တကယ်ကိုချစ်ဖို့ကောင်းတာ...။

စီးချက်မမှန်စွာ မြန်နေသော
ရင်ခုန်သံများကိုလျစ်လျူရှု၍
မသိစိတ်ကခံစားချက်တွေကို
လိမ်ညာလိုက်မိသည်...။

" ရောက်ပြီ "

စတိုခန်းရှေ့သို့ ရောက်၍
အခန်းတံခါးကိုဖွင့်ကာ
ပစ္စည်းတွေကို ထားခဲ့ပြီး
နှစ်ယောက်သားကန်တင်းဘက်သို့
ခြေဦးလှည့်လိုက်တော့သည်...။

" ဝမ်လေး "

နောက်မှကျဲရဲ့ခေါ်သံကြောင့်
သူရောစစ်ကျွေးပါလှည့်ကြည့်လိုက်သည်..။

" ဗျာ "

" ဝမ်လေးကို အကူညီတောင်းမလို့ "

" ဘာကူညီရမှာလဲ ကူညီမှာပေါ့ "

ဇာတ်သိမ်းခန်းလေး..Where stories live. Discover now