Ep>>5..uni

762 50 1
                                    

🕊️ဇာတ်သိမ်းခန်းလေး🕊️

" ဟေ့ လေးလုံး "

" ချီးပဲ "

ကန်တင်းတစ်နေရာမှ သူ့အားလှမ်းအော်စနေသော အတန်းထဲကကောင်များကို လက်ခလယ် ထောင်ပြကာ ပါးစပ်မှလဲ ဆဲလိုက်တဲ့ဝမ်ရိပေါ် ။

" ရောက်လာပြီလား "

ကြိုရောက်နေသော စစ်ကျွေးက ကော်ဖီတောင် မှာသောက်နေပြီ...။

" အွန်း ချီးလိုပဲ  စောစောစီးစီး "

" ဟားးးဟားးးမင်းကလဲကွာ ဒီလို အစခံနေရတာမရိုးသေးဘူးလား  ထူးပြီးဒေါသထွက်နေရတယ်လို့ "

" ရိုးစရာလား ငါမှအဲ့လိုခေါ်တာမကြိုက်တာ မင်းဆိုရင်ရောကြိုက်လား "

သူ့အပြောကိုစစ်ကျွေးကချက်ချင်းမဖြေဘဲပြုံးစိစိလုပ်ပြီးမှ...

" အမှန်ပ်ကိုကြိုက်ရမှာပေါ့ "

" ချီး! ခွေးကောင် သေလိုက်ပါ့လား "

" ဟားးးးဟားးး "

သူကသာဒေါသတကြီးဆဲဆိုနေမိတာ စစ်ကျွေးကတော့ ရယ်မောလို့...။

" ဒီက ကောင်လေး "

စစ်ကျွေးနဲ့သူတစ်ယောက်နဲ့တစ်ယောက် စနောက်နေတုန်း သူတို့ထိုင်နေသောဝိုင်းသို့ ရောက်လာတဲ့လူတစ်ယောက် ခေါင်းကိုငုံ့ထားတာမို့ ဖိနပ်အဖြူလေးကို အရင်မြင်လိုက်မိတယ်....။

" ရိပေါ်  မင်းကိုခေါ်နေတာ "

ဖိနပ်လေးကိုငေးနေတုန်း စစ်ကျွေးရဲ့အသံကြားမှ အသိဝင်ကာ  ခေါ်လာတဲ့လူအား မော့ကြည့်လိုက်တော့သည်..။

" ဟင် "

မော့အကြည့်သူ့ရှေ့သို့ပေါ်လာတဲ့လူကြောင့်  လူကဆွံ့အသွားရသည်..ဟိုတစ်နေ့က အစ်ကိုချော...။

ထိုလူကတော့ မျက်နှာမှာ  အပြုံးချိုချိုလေးများဖြင့်.....

" ဒီဝိုင်းမှာက ကိုယ်ထိုင်လို့ရသေးလား "

" ဟုတ် ရ  ရပါတယ်ဗျာ့ "

ထပ်မဆုံချင်ပေမဲ့လဲ  ဟိုနေ့ကကိုယ့်ကိုကူညီထားတဲ့မျက်နှာကြောင့် သူကောင်းကောင်းမွန်မွန်ပြန်ပြောလိုက်သည်..။

ဇာတ်သိမ်းခန်းလေး..Where stories live. Discover now