Ep>>28..Uni

839 44 0
                                    

🕊️ဇာတ်သိမ်းခန်းလေး🕊️

ဘယ်တော့မှ ပြန်မရောက်တော့ဘူးလို့
ထင်ထားခဲ့တဲ့ကိုယ့်မွေးရပ်မြေလေးက
အရင်လို နွေးထွေးစွာကြိုဆိုဆဲ...
ဖြတ်တိုက်လာတဲ့ လေထုနွေးနွေးလေးကို
ရူရှိုက်မိတော့ နှောက်ကျိနေတဲ့
စိတ်တွေကိုပင်ကြည်လင်လာစေသည်....။

မြတ်နိုးရတဲ့ ရပ်ဝန်းလေးကြောင့်
ဟန်မဆောင်နိုင်ပဲ ပြုံးနေမိတယ်...
နွေဦးရာသီရဲ့လေထုကလက်ဆတ်သလို
ပြုံးနေတဲ့အပြုံးတွေဟာလဲ
လန်းဆန်းပြီး အသက်ဝင်လှသည်...။

" ပျော်လား ကလေး.. "

ပြုံနေတဲ့ကောင်ငယ်လေးကို
အမြတ်တနိုးကြည့်ရင်း
မေးမိတော့ သူ့ကိုလှည့်မကြည့်ပဲ
ခေါင်းလေးငြိမ့်ပြတယ်
ဟန်ဆောင်မှုကင်းတဲ့ ဒီကောင်လေးက
ပြုံးနေရင် အရမ်းလှတာ...
သူသိပ်ကိုမြတ်နိုးရတဲ့ထဲမှာ
ဒီအပြုံးလေးတွေဟာ...မပါမဖြစ်..
ရင်ခုန်သံစတင်ရာဟာ ဘယ်သူလဲမေးရင်
ကိုယ့်အတွက်တော့
အဖြူရောင်လေး ရယ်မောနေရာက
စခဲ့တာလို့ပဲဖြေဆိုမယ်...။

ဟုတ်တယ်!
ဒီလူသားလေးကို ကိုယ်စတွေ့တုန်းက
ကလေးတစ်တစ်ယောက်လို
အပူပင်ကင်းစွာ
ရယ်မောပြေးလွှားနေခဲ့တာ
ထိုပုံရိပ်လေးကို သူလုံးဝမေ့​​မရခဲ့..
ဒုတိယအကြိမ်တွေဆုံတဲ့အခါ
ကိုယ့်နှလုံးသားတစ်စုံလုံးကို
ဒီကောင်ငယ်လေးက အပိုင်သိမ်းယူသွားခဲ့တာ...။

သိပ်ချစ်တယ်!...
အရမ်းလဲမြတ်နိုးတယ်!..။
.
.
.
.
.
.
.
.
.
ခြံထဲခြေချလိုက်တာနဲ့
ရင်ထဲလှိုက်ခနဲ ဖြစ်ပေါ်လာတဲ့
ခံစားချက်က ပျော်လို့ပဲလား..?
ဒါမှမဟုတ် ဝမ်နည်းလို့ပဲလား..?
မခွဲခြားတက်အောင်ပင်...။

အရင်ဆုံး ပန်းခြံလေးထဲဝင်လိုက်ကာ
ကောင်းမွန်စွာကြီးထွားလာတဲ့
အပင်လေးတွေကိုကြည့်ရင်း
သဘောတကျ ရယ်မိပြန်ပြီ...။

" မင်းတို့ ငါ့ကိုအလွမ်းဘူးလား
ငါတော့ အရမ်းလွမ်းတယ်.. "

လန်းဆန်းနေတဲ့ အပင်လေးတွေကို
လက်ကလေးတွေနဲ့တို့ထိရင်း
နှုတ်ဆက်နေမိတာက ပျော်လို့...။

" ကျဲ ဝမ်ငယ့်ရဲ့အပင်လေးတွေကို
သေချာဂရုစိုက်ထားတယ် သိလား "

ဇာတ်သိမ်းခန်းလေး..Where stories live. Discover now