Ep>>18..Zg

314 7 0
                                    

🕊️ဇာတ်သိမ်းခန်းလေး🕊️

" ဘယ်မှာလဲ ဝမ်လေးရာ
ကျဲကိုစိတ်ပူအောင်မလုပ်ပါနဲ့လား "

ဝမ်လေး သွားတက်လာတက်တဲ့
နေရာမှန်သမျှ တစ်နေရာမကျန်
အကုန်လိုက်ရှာတာတောင်
အခုထိ ဝမ်လေးရဲ့အရိပ်အယောင်ပင်
မတွေ့ရ....။

ဝမ်လေးရဲ့တစ်ဉီးထဲသော
သူငယ်ချင်းဖြစ်သူစစ်ကျွေးဆိုသော
ကောင်လေးစီလဲ ရောက်ခဲ့ပြီဖြစ်သည်..။

" ဟင်! ရှောင်ကျန့်
ဟုတ်တယ် ရှောင်ကျန့်
သိလောက်မှာ "

ပါးစပ်မှလဲပြော ခြေလှမ်းများကိုလဲ
ရှောင်ကျန့်ရှိတက်သော
နေရာများစီသို့
ဉီးတည်လိုက်တော့သည်...။

အခုကိစ္စကိုသာ
ရှောင်းမေသိသွားခဲ့ရင်
သူ့ကိုအရမ်းမုန်းသွားမှာ
ဝမ်ပါးကလဲ သားစိတ်နဲ့ဆေးရုံမှာ
ဝမ်လေးဟာလဲအခုထိရှာမတွေ့သေး
ထိုအရာအားလုံးကသူရဲ့အတ္တတွေ၊
မိုက်ရူးရဲဆန်မှုတွေကြောင့်သာ....။

ရှောင်ကျန့်ကို ရှာနေရင်း
ဝမ်လေးကိုပါတွေ့မလားလို့
မျက်တောင်ပင်မခပ်နိုင်စွာ
ဟိုဟိုဒီဒီရှာဖွေနေဆဲ..။

" ရှောင်ကျန့် "

ရှောင်ကျန့်ကိုတွေ့နေရပြီမို့
ကားကိုဆောင့်ရပ်လိုက်ပြီး
အလျင်အမြန်ပင်
ရှောင်ကျန့်စီသို့သွားလိုက်မိသည်...။

" ရှောင်ကျန့်! "

" ဟမ်  ဟင်! ဇင်းနစ် "

" ဝမ်လေးဘယ်မှာလဲဟင်
နင်သိတယ်မို့လား ဒါမှမဟုတ်
ဝမ်လေးကနင်နဲ့အတူရှိနေတာလား
ဟုတ်တယ်မို့လားဟင်.. "

မေးခွန်းတွေ တရစပ်
မေးလာတဲ့ဇင်းနစ်ပုံစံက
တကယ့်ကိုအလောတကြီး..။

ရှောင်းမေနဲ့ဝမ်လေးကလွဲလို့
မည်သူတစ်ဉီးတစ်ယောက်
အသားကိုမှမထိတက်တဲ့
သူကပင် ကိုယ့်ပုခုံးအား
ကိုင်လှုတ်ပြီးမေးနေသည်မို့
ဘယ်လောက်စိတ်လှုတ်ရှားနေတယ်
ဆိုတာ သိသာလှသည်...။

" ဘာတွေလာမေးနေတာလဲ
ငါနဲ့ဘာပတ်သက်လို့
ငါကသိရမှာလဲ "

သူ့ကိုလှည့်စားခဲ့တဲ့
ဝမ်လေးကို သူစိတ်ပျက်မိသည်မို့
ဇင်းနစ်အမေးကို
ထိုသို့ပြောလိုက်မိခြင်း...။

ဇာတ်သိမ်းခန်းလေး..Where stories live. Discover now