Ep>>6..uni

687 46 7
                                    

🕊️ဇာတ်သိမ်းခန်းလေး🕊️

" ဇင်းနစ် "

" ဟမ် "

ဖုန်းကြည့်မပျက် အသံပြုရုံထူးလိုက်တာမို့ 
ရှောင်းမေတစ်ယောက် ဇင်းနစ်ဖုန်းအားဆွဲလုလိုက်သည်...။

" ပေးစမ်း  အဲ့ဖုန်း "

" ဟာ..ငါဘာလုပ်လို့လဲ "

သူ့လက်ထဲကဖုန်းကိုဆွဲလုလိုက်မှ
ပြူးတူးပြဲတဲမေးလာတဲ့ဇင်းနစ်..

" အခု ငါပြောမဲ့စကားကို အလေးနက်ထားနားထောင်စမ်းပါ "

" အာ  ဟုတ်ပြီ ဟုတ်ပြီ ပြော  ဘာပြောမလို့လဲ "

" အခုတလော  ဝမ်ငယ်ဘာတွေလုပ်နေတာလဲဟင် ငါ့ကိုများရှောင်နေတာလား မဖြစ်နိုင်ပါဘူးနော့ "

မျက်နှာလေးငယ်ကာ လာမေးပြီး  သူ့ဟာသူပြန်နှစ်သိမ့်နေတဲ့ ရှောင်းမေက်ုကြည့်ကာ ဇင်းမရယ်နိုင်ပါ....

" ငါမသိဘူး "

ဇင်းနစ်၏ပြန်ဖြေပုံကြောင့်
လူမှာ အောင့်သပ်သပ် နိုင်လှသည်....။

" နင်က ဝမ်ငယ်နဲ့တစ်အိမ်ထဲနေတာပဲ လုပ်စမ်းပါ  ငါ့ကိုပြောပြစမ်းပါ ဝမ်ငယ် ဘာတွေလုပ်နေတာလဲဟင် "

" ကျစ်....မသိပါဘူးဆိုဟာ  သိချင်ရင် နင့်ဟာနင်သွားမေးလေ  ဝမ်လေးအကြောင်းကိုနင်ပဲစိတ်ဝင်စားနေတာ ငါကစိတ်မဝင်စားတဲ့တွက်မသိဘူး  သိလဲမသိချင်ဘူး... "

" စိတ်မဝင်စားလို့ရမလား ဝမ်ငယ်ကငါ့ရဲ့အနာဂတ်သတိုးသားလောင်းလေးလေ နင်ကတော့ ပြောနိုင်တာပေါ့ ငါ့မှာတော့ရင်တွေပူလိုက်ရတာ ဝမ်ငယ်များရည်းစားတွေဘာတွေရရင် ငါရင်ကွဲမှာ "

ရှောင်မေကတော့ ပြုံးဖြဲဖြဲနဲ့စနေသလောက် ဇင်းနစ်မှာတော့ ဒေါသတွေရောနာကျင်မှုတွေပါရောစပ်လို့....။

" နင်ပါးစပ်ပိတ်ထားလိုက်တော့ "

" ဘာလို့လဲပြောတော့ မပိတ်နိုင်ပါဘူး ဘာလဲနင်ကငါ့ကိုဝမ်ငယ်နဲ့သဘောမတူဘူးဆိုတဲ့သဘောလား...နင်သဘောမတူလဲငါကရအောင်ယူမှာ ဟီးးးး... "

ရယ်မောကာ ချစ်စဖွယ်ပုံစံလေးနဲ့ပြောလာတဲ့ ရှောင်းမေကိုကြည့်ကာ သူမကြည်နူးနိုင်ပါ...
ဘာလို့ဆို သူမမျက်နှာပေါ်ကအပြုံးလေးတွေက သူ့အတွက်မှမဟုတ်တာ....။

ဇာတ်သိမ်းခန်းလေး..Where stories live. Discover now