Ep>>24..Uni

913 48 1
                                    

🕊️ဇာတ်သိမ်းခန်းလေး🕊️

" ဘာဖြစ်ချင်တာလဲဆိုတော့
ဝမ်ရိပေါ် ..ခေါ်.. စာရေးဆရာလေးရှန်ကျန့်ရဲ့
ယောင်္ကျား ဖြစ်ချင်တာ.. "

အမှတ်မရှိတဲ့ နှလုံးသားကလဲ
အလိမ်အညာတွေမှန်းသိရက်နဲ့တောင်
ပြင်းထန်စွာ ခုန်လှုတ်နေဆဲပင်...။

ချိုသာတဲ့အပြုမှုတွေကြား
ပျော်ဝင်စပြုနေသည့်
နှလုံးသားကို ဦးနှောက်မှ
အပြစ်တင်မိသည်...။

မမှတ်သေးဘူးလားလို့
မေးပစ်လိုက်ချင်ပါရဲ့....

လုပ်ရက်ခဲ့တဲ့သူတို့ကိုလဲ
အပြစ်မတင်ခဲ့ပါ
နုံချာလွန်းတဲ့ကိုယ့်ကိုကိုယ်သာ
စိတ်ပျက်မိသည်...။

ဒါပေမဲ့လို့ အခုလိုမျိုး
အထင်သေးသလို
ဆက်ဆံမှုတွေကြောင့်တော့
ရင်နာရသည်...

" တော်ပါတော့!...
ကျွန်တော့်ကို အထင်သေးတဲ့
အပြုအမှုတွေနဲ့ဆက်ဆံနေတာတွေကို
ရပ်လိုက်ပါတော့!... "

" မဟုတ်ဘူး ကလေး!..
ကိုယ်အခုလိုလုပ်နေတာတွေက
ကလေးကိုအထင်သေးလို့ မဟုတ်ရပါဘူး
အဆုံးရှုံးမခံနိုင်လို့
ကိုယ်မင်းကို အဆုံးရှုံးမခံနိုင်ဘူး..
ဒါကြောင့်မို့ အဲ့လိုတွေ
မထင်လိုက်ပါနဲ့...။

အပြစ်တင်ခြင်းမဟုတ်တဲ့
တောင်းဆိုမှုလေးတစ်ခုပါ...
ထင်ရက်ခဲ့တဲ့ လူသားလေးကို
သူအပြစ်မဆိုမိပါ...
ဘာအပြစ်မှ မရှိတဲ့လူသားလေးအပေါ်အပြစ်လုပ်ခဲ့မိတဲ့ သူ့ရဲ့အမှားပင်မဟုတ်လား...။

ဘယ်လောက်ပဲသန်မာချင်ယောင်ဆောင်နေပါစေ ဒီကလေး ဝမ်းနည်းနေတာ သူသိတယ်...
မပီပြင်တာထက် မင်းကိုခံစားတက်သွားတဲ့ ကိုယ့်နှလုံးသားကြောင့်ပဲထင်ပါရဲ့...။

" ကျွန်တော့်ကို  လွှတ်ပေးပါတော့
ဒီလို မနေချင်တော့ဘူး "

တကယ်ကိုစိတ်မကောင်းဖြစ်နေတဲ့
သူလေးကြောင့် တင်းကျပ်စွာဖက်ထားရာမှ လွှတ်ပေးလိုက်မိသည်...။

" ဘယ်လဲ "

အိပ်ယာပေါ်မှ အတင်းရုန်းထနေတာမို့
လက်တစ်ဖက်ကို လှမ်းဆွဲရင်း
မေးလိုက်ခြင်းပင်...

" ပြန်မှာ "

" မပြန်ပါနဲ့လား... "

လက်တစ်ဖက်ကို လွှတ်မပေးမိပဲ
ဆွဲထားရင်း တောင်းဆိုမိတော့
ကောင်ငယ်လေးက မျက်မှောင်လေးကျုံ့ကြည့်လာတယ်...

ဇာတ်သိမ်းခန်းလေး..Where stories live. Discover now