Ep>>29..Uni

820 38 0
                                    

🕊️ဇာတ်သိမ်းခန်းလေး🕊️

" ငါအများကြီး စားမှာ "

သူ့ကိုပေစောင်းစောင်းကြည့်ကာ
ပြောနေတဲ့ စစ်ကျွေးက
အခုထိ သူ့ကိုစိတ်ဆိုးနေတုန်း....

ရိပေါ် ရယ်ရင်း ခေါင်းငြိမ့်ပြကာ...

" စားပါဗျာ  ကြိုက်သလောက်စား
babyစားချင်တာအားလုံးကို ကိုကိုက
မညည်းမညူလိုက်ဝယ်ကျွေးမှာပါဗျာ့ "

လက်ထဲကကဒ်ကို ဝေ့ယမ်းပြကာ
စစ်ကျွေးရဲ့ ဆံပင်တွေကိုပါဆွဲဖွရင်း
မျက်နှာက စပ်ဖြီးဖြီးနဲ့မို့
စစ်ကျွေးမျက်လုံးထဲတော့
တကယ်ကို သောက်ချိုးမပြေ
အန်ချင်စရာကြီး ဖြစ်နေပြီ...။

" ချီးးကောင်! အန်ချင်စရာတွေလာပြောနေတယ် ဝတ္ထုတွေရေးပါများပြီး ဂေါက်သွားတာလား! "

" ဟားးးဟားးးဟား "

သူငယ်ချင်းဖြစ်သူစစ်ကျွေးကိုစကာ
ဟက်ဟက်ပက်ပက်ရယ်မောမိသည်...
သူဒီလို မရယ်ရတာ
အတော်တောင်ကြာခဲ့ပြီမဟုတ်လား
ပျော်ရွှင်စရာတွေပျောက်ဆုံးနေပြီး
ဘဝတွက်ရုန်းကန်နေခဲ့ရတာက
အခုလို ပေါ့ပေါ့ပါးပါးနဲ့
ပျော်စရာကောင်းမနေပါ...။

" ဘာဖြစ်ပြန်တာလဲ 
သွားမယ်လေ... "

စစ်ကျွေးက လက်တို့ပြီး
ပြောလိုက်မှ အတိတ်ရဲ့နာကျင်မှုတွေ
စီမှရုန်းထွက်လာနိုင်ခဲ့တယ်...။

" အွန်း  သွားမယ်လေ "

စိတ်ထဲတွင်တော့ ကျေးဇူးတင်လျှက်ပေါ့...။
.
.
.
.
.
.
.
.
.
.
" လူတွေများလိုက်တာ..
ဆိုင်မထိုင်ပဲ စားချင်တာဝယ်ပြီး
ပြန်ရအောင် "

ဆိုင်ထဲသို့ တစ်ချက်ဝေ့ကြည့်ရင်း
စစ်ကျွေးကို ရိပေါ်ပြောလိုက်သည်...။

" အွန်း သဘောပဲ
ငါကတော့ စားရရင်ပြီးရော... "

" ကိုကို Babyလေးက
အစားပုတ်လိုက်တာ အဟက်! "

သူထပ်ပြီးစလိုက်တော့
လက်ခလယ်ထောင်ပြလာတဲ့စစ်ကျွေး...။

" ချီးးကို Baby..ဖွတ်ကောင်.. "

စစ်ကျွေးဖြစ်ပျက်နေတဲ့ပုံကိုကြည့်ကာ
ရိပေါ်  ရယ်မိပြန်၏...ဒီကောင်စိတ်ဆိုးရင် တအားချစ်ဖို့ကောင်းတာလေ...
တကယ့်ကိုချစ်စရာကြီး...။

ဇာတ်သိမ်းခန်းလေး..Where stories live. Discover now