Ep>>7..Uni

695 55 2
                                    

🕊️ဇာတ်သိမ်းခန်းလေး🕊️

" ဝမ်ရိပေါ် "

" ဟမ် "

ထုံးစံအတိုင်း လူရှင်းသည့်နေရာတွင် စာထိုင်ဖတ်နေသော ဝမ်ရိပေါ်  ခေါ်သံတစ်ခုကြောင့်  ပြန်ထူးလိုက်မိသည်...။

ထူးသံအရင်ပေးလိုက်ပြီးမှ လှည့်ကြည့်လိုက်တော့  အတန်းထဲက သူနဲ့ဝါသနာတူသူငယ်ချင်းကြီး ဟန်ရှင်းဖြစ်နေလေရဲ့...။

" ငါ မင်းကိုလိုက်ရှာနေတာ "

" ဘာကိစ္စရှိလို့လဲ "

" အော်  ဟိုနေ့က ငြားထားတဲ့ စာအုပ်တွေပြန်ပေးမလို့ပါ "

" ဟင်  ပြီးသွားပြီလား မြန်လိုက်တာ "

" ဇာတ်လမ်းကကောင်းတော့  ငါပါအဲ့ထဲရောက်သွားသလိုပါပဲကွာ ဖတ်လိုက်တာခနပဲ "

ဟန်ရှင်းရဲ့ အပြောကို သူသဘောတကျရယ်လိုက်မိပါရဲ့......။

" ဟားးးဟားးးမင်းကတော့ ပြောတော့မယ် "

" တကယ်ဟ  မင်းရောမကြိုက်ဘူးလား "

" ကြိုက်ပါတယ်  ဇာတ်လမ်း  အစ၊အလယ်၊အဆုံး အကုန်ထိမိတယ် အရေးအသားကလဲ ကောင်းတော့ ပိုတောင်ဇာတ်အိမ်လှသွားသေး "

" အွန်း  အားကျလိုက်တာ  ငါလဲစာရေးဆရာတစ်ယောက်ဖြစ်ချင်လိုက်တာ ပြောသာပြောရတယ်  တကယ်တမ်း မလွယ်ကူဘူး "

" ဘယ်လွယ်လိမ့်မလဲ "

" မင်းပြောကြည့် ဇာတ်လမ်းတစ်ခုမှာ  ဘာကအဓိကကျလဲ "

ဟန်ရှင်းအမေးကြောင့်  သူတစ်ချက်စဥ်းစားရင်း....

" ဇာတ်သိမ်း "

" ဟမ်  ဇာတ်သိမ်း  ဘာလို့လဲ "

" ငါ့အတွေးပေါ့  လူတိုင်းတော့မတူနိုင်လောက်ဘူး ဇာတ်လမ်းတစ်ခုမှာ ဇာတ်သိမ်းကအရေးပါသလို  အရမ်းလဲအရေးကြီးတယ်လို့ထင်တယ် ဇာတ်လမ်းအစ၊အလယ်  ဘယ်လောက်ပဲကောင်းခဲ့ကောင်းခဲ့ အဆုံးသတ် ဇာတ်သိမ်းမှာ မှပေါ့သွားရင်  အဲ့ဒီဇာတ်လမ်းတစ်ခုလုံးက စာဖတ်သူတွေရဲ့ ရင်ထဲမှာစွဲကျန်နေမယ်လို့ ငါတော့မထင်ဘူး  နှာခေါင်းပဲရှုံ့သွားကြလိမ့်မယ် ဥပမာ..ဇာတ်လမ်းကြီးကဘယ်လိုကြီးလဲဆိုပြီး ဝေဖန်ကြလိမ့်မယ်  မင်းလဲစာဖတ်သူပဲ
ငါပြောတာ နားလည်မှာပါ... "

ဇာတ်သိမ်းခန်းလေး..Where stories live. Discover now