Ep>>17..Uni

893 48 2
                                    

🕊️ဇာတ်သိမ်းခန်းလေး🕊️

အမှောင်ထုထဲအကြာကြီး
တိုးဝင်ထားသော မျက်ဝန်းတွေက
သတိရလာလို့လဲ အတော်နဲ့
ဖွင့်ကြည့်လို့မရသေးပေ...။

" အ့ ကျစ်! "

လင်းလက်စူးရှကာမျက်ဝန်းထဲသို့
တိုးဝင်လာနဲ့အလင်းရောင်တွေကို
လက်နဲ့ကာဖို့ မြှောက်လိုက်ပေမဲ့
ကိုက်ခဲမှုတွေကြောင့် လှုတ်လို့မရတဲ့
ခန္တာကိုယ်ကြောင့် စိတ်ပျက်စွာ
ညည်းညူမိသည်...။

" သားငယ် သတိရလာပြီလား "

နားထဲသို့ ဝင်လာတဲ့
နွေးထွေးလွန်းတဲ့အသံပိုင်ရှင်ဟာ
သေချာပေါက် ကျဲရဲ့မားပဲပေါ့..။

" ကျွန်  ကျွန်တော်.... "

" သားငယ် သတိလစ်သွားတာကို
ရှင်းကဖုန်းဆက်လို့ အန်တီရောက်လာခဲ့ မသေကောင်းမပျောက်ကောင်းသားရယ်...ဘယ်လိုဖြစ်ရတာလဲ "

သတိလစ်သွားတယ်....
ဆိုတော့ အရာအားလုံးက
အိမ်မက်မဟုတ်ဘူးပေါ့...
တွေးနေရင်း ပါးသူ့ကိုပြောခဲ့တာတွေ
လဲကျသွားတာတွေကလက်ရှိအခြေနေပေါ့....။

" ပါးးး ပါးကဘာဖြစ်တာလဲဟင် "

သူ့အမေးကြောင့် ကျဲရဲ့မားက
မျက်နှာခပ်နွမ်းနွမ်းနဲ့ပြန်ဖြေလာခဲ့သည်...။

" ရုတ်တရက် ရှော့ရသွားတာတဲ့
အန်တီလဲသိပ်တော့နားမလည်ပါဘူး..ဒါပေမဲ့ အခုလိုအဖြစ်မျိုးတော့
ထပ်မဖြစ်ပါစေနဲ့လို့ ဆရာကမှာလိုက်တယ်သား "

" ဪ... "

ခေါင်းငိုက်စိုက်ကျလို့ 
မျက်ရည်တွေကျနေတဲ့ကောင်လေးကို
သူလဲမကူညီနိုင်...။

" မငိုပါနဲ့လားကွယ် ခေါင်းတွေကိုက်နေမှာပေါ့ သားရဲ့ပါးက စိတ်ဆိုးနေတုန်းမို့ပါ သူကသားကိုသိပ်ချစ်တာ "

သိတာပေါ့ ပါးသူ့ကိုချစ်တာကို
သူလဲမလျော့ချစ်ခြင်းတွေနဲ့
ပါးကိုချစ်တာပါပဲ...
ပါးအခုလိုဖြစ်နေတာဟာ..
သူ့ကိုချစ်လွန်းတာမို့ ခွင့်မလွှတ်နိုင်
ဖြစ်နေမှန်းလဲသိတယ်..။

ပါးရဲ့စိတ်ကိုသူအသိဆုံး
ဆုံးဖြတ်ချက်တစ်ခုကို
လွယ်လွယ်မချတက်သလို
ချပြီးသားဆုံးဖြတ်ချက်ကိုလဲ
ပြန်မပြင်တော့အောင်ပြတ်သားသည်...
စကားတစ်ခုကိုလဲ
လွယ်လွယ်မပြောတက်သလို
ပြောပြီးရင်လဲ ပြန်ပြင်လေ့မရှိ...။

ဇာတ်သိမ်းခန်းလေး..Where stories live. Discover now