Ep>>27..Uni

831 47 1
                                    

🕊️ဇာတ်သိမ်းခန်းလေး🕊️

" အဲ့ဒါက.... "

ပါးနဲ့ကျဲက အိမ်ပြန်လိုက်ခဲ့ရန်
အတိုင်ပေါက်ညီစွာတောင်းဆိုနေတာမို့
ရိပေါ် ဘာပြန်ပြောရမှန်းမသိပေ...။

" ပါးတို့အရင်လိုပြန်နေရလားကွယ်
ပါးက အသက်လဲကြီးနေပြီ
မသေခင်မှာ မိသားစု
စုံစုံလင်လင်လေး နေသွားချင်တယ်
ပါးတို့နဲ့ပြန်လိုက်ခဲ့ပါနော် သား... "

ကျဲကလဲခေါင်းလေးငြိမ့်ပြကာ
လိုက်ခဲ့ဖို့ တောင်းဆိုတယ်..
အရင်ကကိစ္စတွေကိုလဲ
ထပ်တလဲလဲ တောင်းပန်နေတာမို့
ရိပေါ် မနေသာတော့ပါ..။

ပါးရဲ့စကားတွေကြောင့်လဲ
သူ့မှာထပ်ပြီးတောင့်မခံနိုင်တော့
အသည်းမမာနိုင်သူမို့
ပါးနဲ့ကျဲနောက်သို့ပြန်လိုက်သွားဖို့
ဆုံးဖြတ်လိုက်တော့သည်...။

ပါးတို့လဲ အဲ့တော့မှ
တပြုံးပြုံးနဲ့ ကျေနပ်သွားကြလေရဲ့..
ရှောင်ကျန့်ဆိုတဲ့ လူကြီးကလဲ
ပြုံးစိစိနဲ့အမြင်ကပ်ချစ်စရာ...။
.
.
.
.
.
.
.
.
.
သူတိုက်ခန်းကိုပြန်တော့
ရှောင်ကျန့်ဆိုသောလူကပါ
လိုက်လာခဲ့သည်....
မလိုက်ခဲ့နဲ့ ပြောလဲ မရ...
ဒီလူကြီးအတော်အမြင်ကပ်ဖို့ကောင်းတာ...။

" ဘယ်လိုဖြစ်နေတာလဲ ခင်ဗျား!.. "

နှစ်ယောက်ထဲရှိနေချိန်
အနားကပ်လာပြီး
ခါးတွေကိုဖက်တွယ်လာတာမို့
ရဲတင်းလွန်းတဲ့လက်တွေကို ခါထုတ်ရင်း
စိတ်တိုစွာ အော်လိုက်မိသည်..။

" အရမ်းသေးသွားတာပဲ "

သူအော်တာကိုဂရုမစိုက်ပဲ
တီရှပ်ပွပွလေးနဲ့ဖုံးကွယ်နေတဲ့
ခါးတွေကို ကြည့်ရင်း
အလိုမကျစွာ ပြောနေသေးတာ..။

" ခင်ဗျား!.. "

အရင်က ဖောင်းဖောင်းအိအိ
ကိုယ်လုံးလေးဟာ အခုတော့
ခပ်သွယ်သွယ်လေးဖြစ်နေပြီး...
မျက်နှာလေးပင်အတော်ချောင်ကျသွားသည်...။

အသားယူလိုက်မိရင်လဲ ရှက်ပြီးပန်းရောင်သန်းသွားတဲ့မျက်နှာလေးက
အရင်လို ပြောင်းလဲမသွားပေမဲ့
မသိမသာလေးရှောင်ထွက်တက်တဲ့
အကျင့်လေးအစား
စိတ်ဆိုးတဲ့ရုပ်ကလေးနဲ့
ဒေါသတကြီးအော်လွှတ်တက်သည့်
အဆိုးလေးဖြစ်လာသည်....
အဲ့လိုပုံစံလေးကိုလဲ
သူသိပ်အသဲယားမိပါရဲ့...
ဒီကလေးလူကိုအရမ်း
ဆွဲဆောင်နိုင်တာပဲ
သိပ်ချစ်ဖို့ကောင်းတဲ့ ထိုကောင်ငယ်လေးကြောင့် သူရူးတော့မယ် တကယ်...။

ဇာတ်သိမ်းခန်းလေး..Where stories live. Discover now