Part - 6

359 69 24
                                    

(Unicode)

တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ ကျွန်တော်နဲ့ မမလေးရဲ့ အသက်ရှုသံပဲ တည်ရှိနေသလို ။ နေရခက်စွာနဲ့ ခေါင်းကို ငုံ့ထားမိသည် ။

"ယွန်းဂီ .."

"ဟုတ် မမလေး "

မမလေးရဲ့အသံဟာ တည်ငြိမ်ပြီး အေးစက်နေသည် ။

"ယွန်းဂီကို အခုပြောမယ့်စကားတွေက တစ်ကိုယ်ကောင်းဆန်ချင်ဆန်နေလိမ့်မယ် ဒါပေမယ့် ယွန်းဂီနားလည်လိမ့်မယ်လို့ ထင်ပါတယ် .. သားက အသက်ကြီးလာရင် ကင်မ်အိမ်တော်ရဲ့သားအကြီး လုပ်ငန်းစုတွေကို ဦးစီးမယ့် အမျိုးသားတစ်ယောက်ဖြစ်လာမှာ အဲ့လိုဖြစ်ဖို့အတွက် အခုချိန်ကတည်းက သားက သူများထက်သာနေမှရမယ် ယွန်းဂီ ...အခုလိုမျိုး ယွန်းဂီနားမှာ ခိုကပ်နေပြီး ကလေးအလုပ်တွေလုပ်နေရတော့မယ်အရွယ်မဟုတ်တော့ဘူး အမပြောတာ နားလည်တယ်မလား "

"ဟုတ် နားလည်ပါတယ် မမလေး "

"ကလေးက တစ်ဦးတည်သောသားဆိုတော့ အဖော်မင်တယ် သူ့လေးလေးကလည်း သူနဲ့နေပေးတဲ့အချိန်မရှိတာမို့ သူနဲ့အတူတူရှိနေပေးတဲ့ ယွန်းဂီကို တအားခင်တွယ်တယ် ပြီးတော့ သားက သနားတတ်တယ် ...ယွန်းဂီကို သူစောင့်ရှောက်ရမယ့်လူလို့ မြင်နေပုံပဲ ... ယွန်းဂီက သူလုပ်သမျှကိုလက်ခံပြီး သူ့အကြိုက်လိုက်ပေးနေရင် သားက တဖြည်းဖြည်းနဲ့ ယွန်းဂီနဲ့ဆော့ဖို့ရာပဲ စိတ်အားသန်ပြီး သူလုပ်ရမယ့် အရာတွေကို မေ့သွားမှာစိုးတယ် "

"ကျွန်တော်...ဘာလုပ်ပေးရမလဲ "

"သားနဲ့ ခပ်တန်းတန်းနေပေးပါ ... ကလေးက သူနဲ့တအားကပ်မနေရင် တဖြည်းဖြည်းသွေးအေးသွားလိမ့်မယ် အဲ့ဒီတော့ ယွန်းဂီကပဲ သားကို ဦးလေးတစ်ယောက်လို ခပ်မာမာဆက်ဆံပေးပါ "

မမလေးရဲ့ စကားအဆုံးတွင် ရင်ထဲမှာ မွန်းကြပ်လာ၏ ။ သူ့ဘက်က ဘယ်နေရာများ အနေအထိုင်မှားခဲ့လို့ ဦးလေးတစ်ယောက်လို နေပေးပါလို့ ပြောရတာလဲ ။

"ဟုတ် နားလည်ပါပြီ ...ပြန်ခွင့်ပြုပါအုံး မမလေး "

"ကောင်းပြီ ...ယွန်းဂီက ပခုံးကဒဏ်ရာနဲ့မို့ အိပ်ခန်းသက်သက်ခွဲပြင်ခိုင်းထားလိုက်မယ် ...ဒီညကစ,ပြီး သားနဲ့ အခန်းခွဲ အိပ်လိုက်ပါ ပြီးတော့ ပခုံးကဒဏ်ရာကိုလိမ်းဖို့ ဆေးပို့ခိုင်းလိုက်မယ် ရာသီဥတုက ညဘက်ဆိုအေးတယ် ဂရုစိုက်အုံး "

Cherish Where stories live. Discover now