Part-8

317 54 11
                                    

(Unicode)

*မင်းကို မုန်းတယ် ထယ်ယောင်း ...*

"မဟုတ်ဘူး ဦးလေးငယ် ...ရှင်းပြပါရစေ ..မဟုတ်ဘူး ..အဲ့လိုမဟုတ်ဘူး ယွန်း ...ယွန်း ...ယွန်း ! "

ထယ်ယောင်း ကုတင်ပေါ်ကနေ လန့်နိုးလာပြီးနောက် သူ့ပါးပေါ်ကို စမ်းလိုက်မိသည် ။ လက်ထဲမှာ ပါလာတဲ့ စိုစွတ်စွတ် မျက်ရည်တွေကြောင့် ခြောက်ကပ်ကပ်ရယ်ကာ မျက်နှာကို လက်နှစ်ဖက်နဲ့ ခပ်ကြမ်းကြမ်းဆွဲသုတ်လိုက်တယ် ။မနေ့က စာတမ်းကိစ္စဟာ စိတ်ကို တော်တော်ဖိစီးမှုပေးတယ်ထင်တယ် ။ စိတ်ဖိစီးမှုများတဲ့ညတွေဆို သေးငယ်ဖြူသွယ်တဲ့ခန္ဓာကိုယ်ပိုင်ရှင်လေးအပေါ် ဖောက်ထုတ်မိတာက အကျင့်လိုဖြစ်နေပြီ ။ ထိုကဲ့သို့ပြုမူပြီးတိုင်း အကြည့်ခံရတဲ့ အမုန်းမျက်ဝန်းတစ်စုံဟာ ကျွန်တော့်ရင်ကို အမြဲတမ်း အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် နာကျင်စေ၏ ။ အိမ်မက်မှန်းသိသည့်တိုင် ထိုစကားတို့ကြားချိန်မှာ ကလေးတစ်ယောက်လို ကူကယ်ရာမဲ့ ဆိုးဆိုးဝါးဝါးငိုတတ်တာ အကျင့်တစ်ခုပင် ဖြစ်နေပြီ ။

ချွေးတွေစိုနေတဲ့ အင်္ကျီကို ဆွဲချွတ်လိုက်ကာ ရေချိုးခန်းထဲက မှန်ရှေ့မှာ ရပ်လိုက်တယ် ။ နတ်ဘုရားလိုချောမောနေတဲ့မျက်နှာနဲ့လိုက်ဖက်တဲ့ အချိုးအစားကျတဲ့ခန္ဓာကိုယ်တစ်ခုဟာ မှန်ရှေ့မှာ နေရာယူလာ၏ ။ ပြစ်မျိုးမှဲ့မထင်တဲ့မျက်နှာမလိုက်ဖက်စွာပဲ ခပ်ကျယ်ကျယ်ရင်ဘတ်မှာ "မကောင်းဆိုးဝါး"လို့ အဓိပ္ပာယ်ရတဲ့ ကိုရီးယားဘာသာ ဝေါဟာရကို တက်တူးရေးထိုးထားတဲ့ထယ်ယောင်း ။ သူ ဒီတက်တူးကိုရဖို့အတွက်နဲ့ အနောက်တိုင်းမှာ နေထိုင်တဲ့ကိုရီးယားလူမျိုးတက်တူးဆရာကို တကူးတကရှာဖွေခဲ့ရတာ ။ စ,စချင်း ထိုးမယ့်စာလုံးကိုပြတော့ ထိုတက်တူးဆရာက စေတန်ကိုးကွယ်တဲ့လူလားလို့ အရွှင်ဖောက်ကာ မေးသေးတယ် ။ကျွန်တော်ကိုယ်တိုင်က မကောင်းဆိုးဝါးကောင်မို့လို့ဆိုတဲ့အဖြေမှာ ထိုသူဟာ ခဏတာ ကြောင်အ,သွားသေး၏ ။ ကိုရီးယားဝေါဟာရအဆင့်အတန်းမှာ အောက်အကျဆုံးဖြစ်တဲ့ ဒီစကားလုံးကို ခန္ဓာကိုယ်ပေါ်ခတ်နှိပ်တဲ့ကျွန်တော့်အား ထိုသူက နားမလည်နိုင်ဖြစ်ပုံရတယ် ။

Cherish Dove le storie prendono vita. Scoprilo ora