Part - 5

1.2K 132 30
                                    

(Zawgyi)

ငှက်လေးတွေရဲ့ တေးသီသံကို တစွန်းတစ်စသာကြားရသေးသော မနက်ခင်းစောစောအချိန်တွင် ထယ်ယောင်းထ,ကာ ဘေးနားလေးက ပုံဆွဲစာအုပ်လေးကို ယူလိုက်သည် ။ ထို့နောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ဦးလေးငယ်ရဲ့ပုံတူလေးကို စာအုပ်ပေါ်တွင် စ,တင်ရေးဆွဲလိုက်လေသည် ။ ဒီရက်ပိုင်း ထယ်ယောင်း ရောဂါတစ်မျိုးရနေ၏ ။ ထိုအရာဟာ ဦးလေးငယ်ရဲ့ပုံလေးကို ခိုးဆွဲရတာကို ကြိုက်နှစ်သက်လာခြင်းပင် ။ အခုဆို ဦးလေးငယ်ရဲ့ပုံလေးတွေဆွဲထားသော စာအုပ်လေးဟာ တစ်ဝက်ပင်ကျိုးလုလုရှိနေပြီ ။

ချယ်ရီပန်းဖတ်လေးတွေ ကြွေလွင့်နေသော ခေါင်းအုံးထက်၌ အိပ်ပျော်နေသော ဦလေးငယ်က အိပ်ပျော်နေချိန်မှာတောင် တော်ဝင်သည့်ပန်းချီတစ်ချပ်အလား ။ ဇင်ယော်တောင်မျက်ခုံးသွယ်တို့အောက်ကနေ ဖြာထွက်နေသော မျက်တောင်လေးတွေ ၊ ဖြောင့်တန်းစွာဆင်းသွားသော နှာခေါင်းလုံးလုံး နဲ့ ချယ်ရီရောင်နှုတ်ခမ်းပါးလေး ၊ ထို့အပြင် ပန်းရောင်သန်းနေသောပါးလေးတွေ ။ ထိုအရာတွေအားလုံးကို ပေါင်းစပ်လိုက်ချိန်တွင် ထယ်ယောင်းဆွဲနေသော ပန်းချီတွေကတောင် ဦးလေးငယ်ရဲ့အလှကို မဖော်ကျူးနိုင်တော့သလို ခံစားလာရသည် ။

ထယ်ယောင်ပန်းချီဆွဲလက်စကိုချကာ ဦးလေးငယ်နားကို တိုးထိုင်ကာ ပက်လက်အိပ်နေသော ဦလေးငယ်ရဲ့မျက်နှာလေးကို ပိုတိုးကာကြည့်လိုက်သည် ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာကြောင်း အနည်းငယ်ဖွင့်ဟနေသော နှုတ်ခမ်းပါးလေးတွေဟာ သိပ်ချစ်ဖို့ကောင်းသည်ဟု ထယ်ယောင်းယူဆလိုက်သည် ။

"ဦးလေးငယ် ..."

ကိုယ့်ဘာသာရေရွတ်ရင်း ရင်ထဲကနေလှိုက်တက်လာသော ပျော်ရွှင်မှုတို့ကြောင်း သဘောတကျရယ်လိုက်သည် ။ ဘာကြောင့်ရယ်မသိပေမယ့် ဦးလေးငယ်ရဲ့နာမည်လေးကိုခေါ်လိုက်တိုင်း စိတ်ထဲမှာပျော်ရွှင်သွား၏ ။

အယ်...ဦးလေးငယ် ...

လှုပ်ရှားလာသော မျက်ခွံမို့မို့လေးတွေကြောင်း အသက်ရှုပ်သံတို့ကိုရပ်ဆိုင်းကာ ကိုယ်ကိုမတ်လိုက်မိသည် ။

Cherish Wo Geschichten leben. Entdecke jetzt