Part-12

184 33 6
                                    

(Unicode)

ဂျောင်ကု အိပ်နေရာကနေ တံခါးလော့ဖွင့်တဲ့သံကြောင်း နိုးလာခဲ့၏ ။ဘမ်းကို နှုတ်ဆက်နေတဲ့အသံအရ ကင်မ်နမ်ဂျွန်ဆိုတာ သိလိုက်ရတာကြောင့် အိပ်ရာထကနေ မထ,သေးပဲ ပျင်းနေလိုက်တယ် ။ ခဏနေ ထ,သွားလိုက်တော့ စားပွဲပေါ်မှာ မနက်စာပြင်ပြီး သူ့အလုပ်က စာရွက်တွေနဲ့ အလုပ်ရှုပ်နေတဲ့ ထိုသူကို တွေ့လိုက်ရ၏ ။ ရှပ်အမည်းရောင်ကို တံတောင်ဆစ်ထိခေါက်တင်ထားတဲ့ ထိုသူက မျက်မှန်လည်း တပ်ထားသေး၏ ။ ဘေးနားမှာ အစားစာနေတဲ့ ဘမ်းက ကျွန်တော့်ကို မမြင်သေးတာကြောင့် ဒီတိုင်းရပ်နေလိုက်၏ ။

"နိုးလာပြီလား ..ကလေး ပြန်ရောက်နေပြီလို့ လုံခြုံရေးမှူးက လှမ်းဖုန်းဆက်လို့ "

အိပ်ခန်းတံခါးဝကို မှီရပ်နေတဲ့ ကျွန်တော့်ကိုတွေ့တော့ ထိုသူက နှုတ်ဆက်လာ၏ ။ ဘမ်း က လာနှုတ်ဆက်တာကြောင့် ထိုင်လိုက်ပြီး ဘမ်းကို နှုတ်ဆက်လိုက်သည် ။ မွေးချင်စိတ်ပေါက်လို့ မွေးထားပေမယ့် မနက်စာကျွေးတာ spa ပို့တာ တခါတလေ ခရီးထွက်လို့ စင်တာအပ်တာအပြင် ဆေးရုံသွားတာ ဘာညာ ကင်မ်နမ်ဂျွန်က ကူညီပေးတယ် ။သူမလာနိုင်ရင်တောင် လူတစ်ယောက်ကို သေချာပေါက်လွတ်ပေးမယ့် များသေားအားဖြင့် ဘမ်းကို သူကိုယ်တိုင် လာခေါ်တဲ့အခါက များ၏ ။

"နည်းနည်းနောက်ကျမှ လာလိုမရဘူးလား ဒါမှမဟုတ် မနက်ဖြန်မှ လာခဲ့တာ မဟုတ်ဘူး "

ဂျောင်ကု မျက်နှာချင်းဆိုင်က ခုံမှာထိုင်ရင်း သမ်းဝေကာ ပြောလိုက်တယ် ။ နမ်ဂျွန်က လက်ထဲ စာရွက်တွေကို ဘေးချကာ

"အဲ့လို စဉ်းစားတာပဲ ဒါပေမယ့် ခရီးသွားတာ တစ်ပတ်တောင်ကြာတယ်ဆိုတော့ ရေခဲသေတ္တာထဲက လွှင့်ပစ်စရာတွေဘာတွေ လွှင့်ပြီး အသစ်ထည့်စရာရှိတာတွေ လာထည့်ပေးတာ ..ပြီးတော့ ကလေး မျက်နှာကိုလည်း လာကြည့်ရင်းဆိုပြီး လာလိုက်တာ "

ကင်မ်နမ်ဂျွန်က အဲ့လိုပဲ စကားပြောကောင်း၏ ။ စားပွဲပေါ်ကြည့်လိုက်တော့ ပြင်ဆင်ပေးထားတဲ့ မနက်စာအပြင် ဘေးနားမှာ ကွတ်ကီးလေးတွေကို ပန်းကန်နဲ့ ထည့်ပေးထား၏ ။ ဂျောင်ကု ကွတ်ကီးကို အရင်ယူကာ စားလိုက်၏ ။လတ်ဆတ်တဲ့ ကွတ်ကီးရဲ့ အရသာက သွားတဲ့ဖိကိုက်လိုက်တာနဲ့ ပါးစပ်ထဲကို ပျံ့နှံ့သွား၏ ။

Cherish Where stories live. Discover now