Part - 2

676 124 1
                                    

(Zawgyi)

ကျောင်းမှာ ပျော်တတ်သော ထယ်ယောင်းလေးဟာ အခုဆိုရင် ကျောင်းဆင်းချိန်ကို မျှော်တတ်နေပြီဖြစ်သည် ။

"ဦးလေးကြီး ဒီနားတင်ရပ်ပေး "

ကားထားတဲ့နေရာအထိမစောင့်ပါပဲ အိမ်ဆောင်ရှေ့တွင်ရပ်ခိုင်းကာ ကျောပိုးအိတ်ကို ကားပေါ်ထားခဲ့ပြီး လူချည်းသက်သက်ပြေးသွားသော ကလေးငယ်လေးကိုကြည့်ရင် ဒရိုင်ဘာဦးလေးကြီး ရယ်လိုက်သည် ။ သူတို့၏ သခင်လေးသည် အဖော်ကို အရမ်းခင်တွယ်သည် ။

"သားငယ်..."

ပြတင်းပေါက်ကနေ အမေဖြစ်သူ လှမ်းခေါ်တာကို နားမထောင်ဘဲ ပြေးသွားသော သူ့သားငယ်လေးအား ကြည့်ကာ သက်ပြင်းချလိုက်သည် ။ဒီလိုသာဆို ယွန်းဂီ နေရခက်ပေလိမ့်မည် ။ ဦးလေးတစ်ယောက်ရပေမယ့် ညီလေးတစ်ယောက်ရသကဲ့သို့ ပြုမူတတ်သော သားကြောင်း တွေးမိတော့ သူမခပ်ရေးရေးပြုံးလိုက်သည် ။

ထယ်ယောင် သူ့အခန်းဘက်ကို ပြေးလာရာတွင် လမ်း၌ ပီယာနိုသံကြားရတာကြောင်း

"ဘလက်ခ် ..."

သူရေရွှတ်ကာ အခန်းဘက်ကိုသွားနေသော ခြေလှမ်းတို့အား အရှိန်တင်လိုက်သည် ။ သူ့အခန်းထဲတွင် ထားရှိသော နက်ပြောင်သည့်ဘလက်ခ်သည် သူ့သဘောကျလွန်း၍ ဘယ်သူကိုမှ လက်တင်တာမခံချင်သောကြောင်း အခန်းထဲကို ပြောင်းထားခြင်း ။ အခု ပီယာနိုသံယာ အခန်းထဲကလွဲလို့ ဘယ်ကမှမဖြစ်နိုင် ။ သူအခန်းထဲဘက်ကို ပြေးသွားလိုက်သည် ။

အခန်းရောက်ခါနီးတွင် ပြတင်းပေါက်မှ မြင်လိုက်ရသော ပုံရိပ်ကြောင်း ခြေလှမ်းတွေကို ရပ်တန့်လိုက်သည် ။ ဦးလေးငယ်ရဲ့လက်ချောင်းသွယ်သွယ်လေးတွေက ဘလက်ခ်ပေါ်မှာ လှုပ်ရှားနေသည် ။ ဦလေးငယ်က ... ပီယာနို တီးတတ်သည် ။

ပျံ့လွှင့်လာသော သံဇဉ်အချို့ကိုနားထောင်ရင်း အတတ်နိုင်ဆုံး အသံမထွက်အောင် ခြေထောက်ဖွပြီး လျှောက်လာခဲ့သည် ။ ဦးလေးငယ်တီးနေသော သံဇဉ်ကို ကျွန်တော်သိသည် ။ Yiruma ရဲ့ River flows in you ။

ဦးလေးငယ်ရဲ့ တေးသံဟာ သွက်လက်ပြီးပြတ်သားသည် ။ တချိန်တည်းမှာပဲ လွမ်းဆွတ်နေဟန်ကိုလည်းပေါ်လွင်စေသည် ။ ပြီးတော့ တေးသံအတက်အကျ အရမ်းသိမ်မွေ့သည် ။ ဦးလေးငယ်ဟာ ပီယာနိုကို အများကြီးတော်အောင် တီးတတ်တာပဲ ။

Cherish Where stories live. Discover now