Part - 3

588 115 2
                                    

(Zawgyi)

နေ့ရက်တွေ ကုန်ဆုံးလာတာနှင့်အမျှ ဦးလေးငယ်အပေါ်သို့ သံယောဇဉ် ပို၍ တွယ်လာပြီဖြစ်သည် ။ တနင်္ဂနွေနေ့ဖြစ်တာကျောင်း ကျွန်တော် ကျောင်းမသွားရသော်လည်း သူငယ်ချင်းတွေက ကစားကွင်းသွားဖို့ရာ ပြောကြသည် ။ သို့သော် ကျွန်တော်ငြင်းလိုက်ကာ ဒီနေ့တစ်နေ့လုံး ဦးလေးငယ်ကို အဖော်ပြုပေးနေခြင်း ဖြစ်သည် ။

ချယ်ရီပင်တွေ ဝိုင်းနေကြသော အိမ်ဘေးရဲ့ ကွပ်ပျစ်လေးတွင်ထိုင်ရင် ပန်းချီဆွဲဖို့ရာ ပြင်လိုက်သည် ။ ထို့နောက် ဘာကိုဆွဲရမလဲ မသိတာကြောင်း စဉ်းစားရင်းနှင့် မျက်စိထဲတွင်ဝင်လာသော မြင်ကွင်းကြောင်း ကျွန်တော်ပြုံးလိုက်၏ ။ ကျွန်တော်ထိုင်နေသော အစွန်းရဲ့ တခြားတစ်ဖက်တွင် ထိုင်နေသော ဦးလေးငယ် ။

မျက်နှာလေးကို အပေါ်ကိုမော့ကာထားသော ဦးလေးငယ်ရဲ့ ပါးပြင်တို့ပေါ် ချယ်ရီတို့ခစားနေသည်က အလှဆုံးသော ပန်းချီကားတစ်ချပ်နှင့်တူသည် ။ ဘေးတစောင်းမြင်နေရသော ဦးလေးငယ်၏ မျက်နှာနုနုဟာ လှသည်ထက်ပိုသည် ။ ကျွန်တော်ပြုံးကာ လက်ထဲက ခဲတံကို စာရွက်ပေါ်သို့ စတင်လှုပ်ရှားလိုက်သည် ။

"ဟာ ငှက်ကလေး "

ဦးလေးငယ်ဘေးမှာ လာနားသော ငှက်ကလေးကိုမြင်လို့ အံသြစွာ ပြောလိုက်တော့ ထိုငှက်ငယ်ဟာ ပျံပြေးသွားသည် ။

"ဘာကိုလဲ ယောင်းငယ်လေး "

ဦးလေးငယ်က အသံကြားရာသို့ လှည့်ကြည့်ကာ မေးလာသည် ။

"ငှက်ကလေး ဦးလေးငယ်နားကနေ ပျံသွားတာ "

ကျွန်တော်စကားအဆုံးတွင် ဦးလေးငယ်က မျက်စိကိုမှိတ်ကာ ယခင်ပုံအတိုင်း မျက်နှာမူလိုက်သည် ။

"ဒီဘက်ပင်လေးမှာ ငှက်လေးတွေ တော်တော်များတယ် ဒီဘက်ပင်က ကြီးမယ်ထင်တယ် "

ဦးလေးငယ်ရဲ့စကားကြောင်း အာရုံစိုက်ကြည့်မှ လေချွန်သံလေးတွေဟာ အများအပြားပင် ။ ဦးလေးငယ် ပြောသလိုပင် ထိုချယ်ရီပင်သည် အိမ်တွင် အကြီးဆုံးအပင်ဖြစ်သည် ။

"ဟုတ်တယ် အဲ့ပင်က အကြီးဆုံးပဲ ဦးလေးငယ် ဘယ်လိုလုပ်ပြီး သိတာလဲ "

Cherish Where stories live. Discover now