Part - 4

602 117 1
                                    

(Zawgyi)

ထယ်ယောင်း ကျောင်းကအပြန်တွင် ပန်းပင်ဆိုင်အသေးလေးရှေ့တွင်း ကားရပ်ခိုင်းကာ ဆိုင်ထဲသို့ဝင်လိုက်သည် ။ ဆိုင်ထဲတွင် ပျိုးပင်သေးသေးလေးများ ၊ အရွယ်ရောက်စကာ ပန်းပင်လေးများ ၊ ရေပန်းလေးများနှင့် နေချင်စဖွယ်ကောင်းလှ၏ ။

"အို...ချယ်ရီစံအိမ်တော်က သခင်လေးမလား "

အနောက်ဘက်ကနေ သစ်ပင်တစ်ချို့သယ်လာကာ ဝင်လာသည့် အမတစ်ယောက်က မေးလာတာကြောင်း ထယ်ယောင်းသွားဖွေးဖွေးလေးတွေပေါ်တဲ့အထိ ရယ်ပြကာ ခေါင်းငြိမ့်ပြလိုက်သည် ။ ကင်မ်အိမ်တော် ..သို့မဟုတ်တည်း ချယ်ရီစံအိမ်တော်ကို ဒီနယ်တစ်ကြောတွင် မသိတဲ့လူက ရှားသည်လေ ။

"သခင်လေးက ဘာများလိုလို့လဲ "

ထိုမျက်လုံးဝိုင်းဝိုင်းလေးနဲ့အမက နဖူးကချွေးတွေကို ပခုံးပေါ်တင်ထားသော တဘတ်ဖြင့်သုတ်ကာ မေးလာသည် ။ ထယ်ယောင်းဆိုင်အတွင် ပတ်ကြည်ရင်းနှင့်

"အမဆီမှာ မေပယ်လ်ပင်များရှိလား "

ထယ်ယောင်းရဲ့စကားကြောင်း ထိုအမက ခေါင်းငြိမ့်ပြကာ အနောက်ဖက်သို့ဝင်သွား၏ ။ ခဏအကြာတွင် မေပယ်လ်ပင်ငယ်လေးကို ကိုင်ဆောင်ကာထွက်လာသည် ။

"ဒီလောက်လေးဆိုရလား သခင်လေး "

ထယ်ယောင်းအပင်လေးကို ကြည့်လိုက်တော့ သူသိပ်သဘောမကျသလိုခံစားရတာကြောင်း ခေါင်းခါပြလိုက်သည် ။

"အိမ်တော်မှာစိုက်မလို့လား "

"ဟုတ်တယ် ..သစ်ပင်တစ်ပင်လောက်စိုက်ချင်လို့ "

ထယ်ယောင်းချစ်စဖွယ်ကောင်းအောင် ရယ်ပြရင်းနှင့်ဖြေလိုက်သည် ။ ကျောင်းတွင် သစ်ပင်စိုက်ခြင်းကိုသင်ခဲ့ရတာကြောင်း အိမ်တွင်လည်း စမ်း၍ စိုက်ချင်နေမိသည် ။

"အိမ်တော်မှာဆို မေပယ်လ်မဟုတ်ပဲ ချယ်ရီနီစိုက်ပါ့လား သခင်လေး "

"ချယ်ရီနီ ..."

ထ်ာယောင်းမကြားဖူးတဲ့နာမည်ဖြစ်တာကြောင်း သံယောင်လိုက်လိုက်မိတော့ ထိုအမက သူ့ဆိုင်ထောင့်နေရောင်ဖြာနေသောနေရာက သစ်ပင်လေးကို လက်ညိုးထိုးပြလေသည် ။ ထိုအပင်အားတွေ့ရပြီနောက် ထယ်ယောင်းမျက်ဝန်းတို့သည် သဘောကျခြင်းတို့ပြည့်နှက်သွားသည် ။ ချယ်ရီတို့ပွင့်ချိန်ဖြစ်နေတာကြောင်း တစ်ပင်လုံးရဲရဲတောက်နေသည့် ချယ်ရီပင်ဟာ မေပယ်လ်ပင်ထက်တောင်လှသေးသည် ။

Cherish Kde žijí příběhy. Začni objevovat