Part-9

387 65 29
                                    

(Unicode)

"အကိုယွန်းဂီ နောက်ကျနေပြီ ! မြန်မြန် ! "

"အေးပါ ဂျီမင်းရဲ့ လာပါပြီ ခဏလေးပါ "

တိုက်ခန်းအပြင်ကနေ အော်ခေါ်နေတဲ့ ဂျီမင်းနဲ့ ကုတ်အင်္ကျီအရှည်ကြီးကိုဝတ်ထားပြီး လုံးလုံးလုံးလုံးနဲ့ ပြေးလာနေတဲ့ ယွန်းဂီက မျက်မှန်အထူကြီးလည်း တပ်ထားသေးတယ် ။

"လာ ကားမမှီပဲနေလိမ့်မယ် "

ဂျီမင်းပြောပြောဆိုဆိုနဲ့ ယွန်းဂီလက်ကိုဆွဲကာ ကားမှတ်တိုင်စီ ပြေးရတော့သည် ။ ဒီအရာက သူတို့ဘဝထဲမှာ ဖြစ်နေကြ ပုံမှန်အရာဖြစ်သည် ။ ယွန်းဂီ ပီယာနိုသင်တန်းနဲ့ ဂျီမင်းရဲ့ တက္ကသိုလ်ဟာ တစ်လမ်းကြောင်တည်းဖြစ်တာကြောင့် အတူတူသွားဖြစ်တာ ကြာပြီ ။ ဟိုဆော့နဲ့ ဆော့ဂျင်ကတော့ ဆေးရုံတစ်ခုတည်းဖြစ်တာကြောင့် ကားတစ်စီးတည်း အတူသုံးကြ၏ ။ ကားအပိုရှိနေပေမယ့် ကားမမောင်းတတ်တဲ့ ယွန်းဂီနဲ့ ဂျီမင်းက ဘတ်စ်ကားကိုသာ အားကိုးနေရသည် ။

"အကို ...ဒီနေ့ ကျွန်တော်ပြန်တာနောက်ကျမယ်လို့ ဦးလေးကိုပြောပေးနော် "

ဂျီမင်းကပြောပြီး ကားပေါ်ကနေ ဆင်းသွားတယ် ။ ကျွန်တော်ခေါင်းငြိမ့်ပြလိုက်၏ ။ ကျန်ခဲ့တဲ့ ကျွန်တော်ကတော့ သင်တန်းရှိရာကို ဆက်စီးသွားဖို့ပြင်လိုက်၏ ။ မျက်စိမမြင်ရတုန်းက တတ်ထားတဲ့ စန္ဒရားတီးခြင်းကိုပဲ အခုချိန်မှာပဲ သက်မွေးဝမ်ကြောင်းတစ်ခုအနေနဲ့ ဆက်လက်လုပ်ကိုင်နေသည် ။ လိုအပ်တဲ့ အသိအမှတ်ပြုချက်တွေကို နှစ်နှစ်ကျော်လောက်စုဆောင်းပြီးနောက် သင်တန်းကျောင်းတစ်ခုမှာပဲ အမြဲတမ်းဆရာတစ်ယောက်အနေနဲ့ စ,တင်လုပ်ကိုင်ခဲ့သည် ။ အတန်းတွေမရှိတဲ့ချိန်ဆို ခါတိုင်းလိုပဲ ဘုရာကျောင်းမှာ သင်ပေးပြီး လွန်ခဲ့တဲ့ တစ်နှစ်လောက်ကစ,လို့ ဖျော်ဖြေပွဲ အသေးလေးတွေကို လုပ်တတ်သည် ။ ဖျော်ဖြေပွဲနဲ့ သင်တန်းက ရသမျှပိုက်ဆံအများစုကို ဆော့ဂျင်ဟျောင်းလက်ထဲထည့်ပေးပြီး ကျွန်တော်က ဘာကိုမှ သိပ်အပူအပင်မရှိပဲ ဘဝကို ဖြတ်သန်းနေတယ်လို့ ပြောရမှာပဲ ။ တစ်ယောက်တည်းကျန်ခဲ့တဲ့ ကျွန်တော်က မျက်စိတွေကိုမှိတ်ချလိုက်၏ ။ ဒီအခိုက်အတန့်ဟာ ကျွန်တော်သဘောအကျဆုံးသောအချိန်ပဲ နားနားလေးကို ဖြတ်သွားတဲ့လေသံနဲ့ သစ်ရွက်သံတွေဟာ သဘာဝကပေးတဲ့ သီချင်းတစ်ပုဒ်လိုပဲ သာယာလွန်းတယ် ။

Cherish Where stories live. Discover now