Part - 1

2.6K 155 3
                                    

(Zawgyi)

ရိုးရာအိမ်နှင့် ချယ်ရီပင်တို့ ဝေဆာနေသော ခြံဝင်းကျယ် ။ ရေကန်ကြည်ကြည်တွင် ရွှေငါးလေးများက လူးလားကူးခတ်လျက် ။ ချယ်ရီပင်မှာပေါ်တွင် ကိုယ်လုံးသေးသေးနှာတံရှည်ရှည် ဝတ်ရည်စုပ်ငှက်ကလေးများက ကျီကျီကျာကျာအော်မြည်လျက် ။

"သခင်လေး ....သခင်လေး "

အနောက်က ကားဒရိုင်ဘာကြီးကိုတောင် မစောင့်ပါပဲ အဆင့်သတ်မှတ်ချက်စာရွက်ကို လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကာ ပြေးလွားနေသော သခင်လေးဟာ လွတ်လပ်မှုအတိနှင့် ။

"သခင်လေး ! ထယ်ယောင်းသခင်လေး ! မပြေးပါနဲ့ ခိုက်မိလိမ့်မယ် "

ထိုသခင်လေးဟာ ကင်မ်အိမ်တော်၏ အသည်းအူပွတ်လေး ကင်မ်ထယ်ယောင်း ။ ကင်မ်အိမ်တော်၏ သားဦးဖြစ်တာကြောင်း အိမ်တော်ရဲ့ သည်းသည်းလှုပ်ခြင်းကို ခံယူနေသူဖြစ်သည့်အပြင် သူ၏ ချစ်စဖွယ်အပြုအမူလေးတွေကြောင်း အိမ်တော်တစ်ခုလုံး၏ အခွင့်ထူးခံ လူတန်းစားလေး ။

သူရဲ့ကျောပိုးအိတ်ကို မြေကြီးပေါ် ပစ်ချထားခဲ့ကာ အိမ်မကြီးပေါ်သို့ ပြေးတတ်သွား၏ ။ ဒရိုင်ဘာကြီးကတော့ ပြုံးကာ သူ့ရဲ့ပစ္စည်းတွေကို လိုက်ကောက်ရင် အနောက်မှာ ကျန်နေခဲ့သည် ။

"ဖေဖေ ! မေမေ! ..."

ဖေဖေတို့ နာမည်ကို အော်ခေါ်ကာ ဝင်သွားပေမယ့် ငြိမ်သက်စွာထိုင်နေတဲ့ မေမေကြောင်း ဘေးနားလေးမှာ ငြိမ်ငြိမ်လေးဝင်ထိုင်လိုက်သည် ။

"မေမေ ..ဖေဖေရော "

မေမေ့ရဲ့လက်ကို ဆွဲကိုင်ကာ မေးလိုက်တော့ မေမေက နဖူးပေါ်က ချွေးတွေကို သူ့လက်ကိုင်ပဝါဖြင့်သုတ်ပေးသည် ။

"သားဖေဖေ အခန်းထဲမှာ ကိစ္စလေးရှိလို့ "

အစေခံကောင်မလေးလာချပေးသော အအေးခွက်ကိုယူသောက်ပြီး ပါးစပ်ကို လက်နဲ့သုတ်ကာ မေမေရဲ့စကားကို ပြန်ဆက်လိုက်သည် ။

"အခန်းထဲဆို သားလိုက်သွားလိုက်မယ် "

"သားခဏ ...."

ကျွန်တော်အထ ၊ မေမေက အတားတွင် အခန်းတံခါးက ပွင့်လာသည် ။ ကျွန်တော်ဖေဖေ့ဆီကို လျှောက်သွားတော့ ဖေဖေကပြုံးကာ ဆီးကြိုသည် ။ ဖေဖေရင်ခွင်ထဲမှာနေရင် မျက်စိရောက်သွားတာက ဘေးနားမှာရပ်နေသော အသားဖြူဖြူနှင့် ချစ်စရာကောင်းတဲ့ အကိုကြီး ။

Cherish Where stories live. Discover now