Part-13

175 35 4
                                    

(Unicode)

ယွန်းဂီ အတန်းဝင်နေရင်း ဖုန်းလာတဲ့ အသံကြောင့် ကိုင်လိုက်တော့ တစ်ဖက်က လူတွေ သွားလာပြေးလွှားနေတဲ့ အသံတွေကို အရင်ကြားလိုက်ရ၏ ။

*ဦးလေးငယ်...ကျွန်တော်အရေးပေါ်ခွဲခန်းဝင်ရမှာမို့လို့ နည်းနည်းနောက်ကျမှာ ..ခဏစောင့်ပေးအုံးနော် ၁၀မိနစ်ပဲ ...၆နာရီ ၁၀မိနစ်အမှီ ရောက်အောင် လာခဲ့မယ် စောင့်အုံးသိလား *

သူပြောချင်တာပြောပြီး ဖုန်းပြန်ချသွားတဲ့ ထယ်ယောင်းကြောင့် ယွန်းဂီကြောင်နေမိ၏ ။ ပြီးမှ ဖုန်းကို အိတ်ထဲထည့်လိုက်ကာ

"သူ့ဘာသာ နောက်ကျတာ ငါက ဘာလုပ်ဖို့ စောင့်ရမှာလဲ .."

ယွန်းဂီ တီးတိုးရေရွတ်လိုက်ကာ ကလေးတွေရဲ့ စန္ဒရားလေ့ကျင့်နေတာကို သေချာကြည့်ပေးပြီး မှားနေတာတွေ့ရင် ပြင်ပေးလိုက်၏ ။ ယွန်းဂီကပဲ အေးဆေးတဲ့ကောင်လေးမို့လို့လားမသိဘူး ကလေးတွေက ချစ်ကြသည် ။ ယွန်းဂီကလည်း လူကြီးတွေထက် ကလေးတွေနဲ့နေရတာက ပိုပြီး သက်တောင့်သက်သာရှိတာကြောင့် ကလေးလေးတွေ အတန်းကို ဝင်ပေးဖြစ်တာများ၏ ။

ယွန်းဂီအခုသင်တန်းကျောင်းက တူရိယာမျိုးစုံ သင်ပေးတဲ့ သင်တန်းကျောင်းဖြစ်ပြီး အသက်အရွယ်အပိုင်းခြားအလိုက် အချိန်နဲ့ နေ့တွေခွဲ ကာ အတန်းတွေရှိတာကြောင့် အဆင်ပြေ၏ ။ သင်တန်းတစ်ခုမှာ ဆရာ့အစား စောင့်ပေးနေတဲ့အချိန် ယွန်းဂီကို တွေ့ပြီး သင်ပေးဖို့ ကမ်းလှမ်းလာတာဖြစ်တာကြောင့် လက်ခံလိုက်ခြင်းဖြစ်သည် ။ စိတ်ရှည်ပြီး ကလေးတွေအပေါ် သည်းခံလို့ အသက်အငယ်ပိုင်းတွေဆို ယွန်းဂီ သင်ပေးရတာက များတဲ့အပြင် အရည်အချင်းလည်းရှိတာကြောင့် ယွန်းဂီရဲ့ လစာက ပုံမှန်ထက်တော့ပို၏ ။

နောက်ထပ် အတန်းပါ နှစ်ချိန်ဆက်တိုက်ဝင်ပြီးနောက် ပြန်ဖို့ အချိန်ရောက်လာပေမယ့် ဒီနေ့ပျင်းနေသလို ခံစားရတယ် ။ ကားမှတ်တိုင်ဆီ သွားနေပေမယ့် ခြေလှမ်းများကတော့ နှေးကွေးနေ၏ ။ကားမှတ်တိုင်မှာထိုင်နေရင်း နာရီကြည့်လိုက်တော့ ၆နာရီနဲ့ ၅မိနစ်ရှိပြီ ကားရောက်လာပေမယ့် လိုက်သွားလိုက်ရမလား ဒီမှာပဲ ထိုင်နေရမလား မဆုံးဖြတ်နိုင်သေးဘူး ။ နားထဲမှာ ကြားနေတာက 'ခဏစောင့်ပေးအုံးနော် 'ဆိုတဲ့ ကလေးငယ်ရဲ့ တောင်းဆိုတဲ့စကားသာ ။'၁၀နှစ်ပဲ စောင့်ပေးပါ'ဆိုတဲ့ စကားကို မတည်နိုင်ခဲ့တာကြောင့် ဒီတစ်ခါတော့ စောင့်နေမယ်လို့မပြောပေမယ့် ကလေးငယ်ကို စောင့်ပေးချင်မိသည် ။

You've reached the end of published parts.

⏰ Last updated: Apr 02 ⏰

Add this story to your Library to get notified about new parts!

Cherish Where stories live. Discover now