Part-11

208 39 7
                                    

(Unicode)

"ယွန်းဂီ ..သွားရအောင် .."

ကားသာ့ကို ဆွဲယူပြီး ပြောလာတဲ့ ဆော့ဂျင်ကြောင့် ယွန်းဂီလက်ကို ကမန်းကတန်း လှမ်းဆွဲလိုက်ကာ

"ဟို...ဒီနေ့ ကျွန်တော် တစ်ယောက်တည်း သွားလို့ရတယ် ..လိုက်မပို့လည်းရတယ်ရယ် "

ယွန်းဂီပြောလိုက်တော့ ဆော့ဂျင်က အကဲခတ်လိုက်၏ ။ တစ်ယောက်တည်း လွတ်လို့တော့ ရလောက်ပါတယ် ။ဒါပေမယ့် ဘာကို စိတ်မအေးမှန်းမသိဘူး ။

"ဘာဖြစ်လို့လဲ လိုက်ပို့မယ်လေ "

"ကျွန်တော့်ဘာသာ သွားလို့ရတယ် ဒီလိုပဲ သွားလိုက်ပါ့မယ် ကိစ္စမရှိဘူးရယ် .."

အတင်းတွေငြင်းဆန်ပြီး လိုက်ပို့မခံချင်တဲ့ကောင်လေးက ပြောလို့လည်း ရမယ်ပုံ မပေါ်တာကြောင့် ဆော့ဂျင်သက်ပြင်းချလိုက်ကာ

"အဲ့တာဆို ညနေစောင်းမယ်ဆိုရင်တော့ ဖုန်းဆက်နော် ..ပြီးတော့ တစ်ခုခုဆို ခါတိုင်းလိုပဲ Alarm ကို နှိပ်လိုက် ဟုတ်လား "

"စိတ်မပူပါနဲ့..တခုခုဆို လက်မှာပတ်ထားတဲ့ Alarm ကို အရင်နှိပ်လိုက်မယ် ပြီးတော့ ညနေစောင်းမယ်ဆိုရင်လည်း ဖုန်းခေါ်လိုက်မယ် ဟုတ်ပြီနော် ဟျောင်း "

ဂျင်ဟျောင်းက ခေါင်းငြိမ့်ပြလာ၏ ။ယွန်းဂီ နှုတ်ဆက်ပြီးထွက်ခဲ့လိုက်သည် ။ အိမ်ယာရဲ့ ဝန်းထဲက ထွက်တာနဲ့ ဟိုဘက်ဒီဘက်ကြည့်လိုက်ပြီး ကိုယ်သိတဲ့လူကို မတွေ့တော့မှ သက်ပြင်းချ လိုက်၏ ။ အရှေ့သုံးလေးရက်က ဂျင်ဟျောင်း လိုက်ပို့တာကြောင့် ဘတ်စ်စီးပြီး သင်တန်းကျောင်းထဲရောက်တဲ့အထိ ဟိုဟိုဒီဒီကြည့်နေရတာက ခါတိုင်းထက် ပိုပြီး ပင်ပန်းသလို ခံစားရ၏ ။

"ဒီကိုတော့ မသိဘူးနေမှာပါ "

ယွန်းဂီ ကိုယ့်ဘာကိုယ် တီးတိုးရေရွတ်လိုက်၏ ။ ဒီတိုင်း ဖျော်ဖြေပွဲရှိတဲ့ နေရာကို လာရင်းနဲ့ အမှတ်မထင် တွေ့မိတာနေမှာပါ ။ တစ်ပတ်လောက် အိမ်တွင်းအောင်းနေမိတာက သက်သက်မဲ့ စိုးရိမ်နေတာ ဖြစ်ပြီး ဒီကိုသိရင်တောင် အလုပ်ပြောင်းသွားလောက်ပြီလို့ ထင်နေမှာဖြစ်၏ ။

Cherish Where stories live. Discover now