Part - 7

445 64 25
                                    

(Unicode)

တစ်နှစ်နှင့် တစ်နှစ် ကုန်ဆုံးသွားပေမယ့် ထယ်ယောင်းအတွက်ကတော့ ခါတိုင်းလိုပါပဲ ။ မျက်မမြင်စာကို တတ်မြှောက်ခဲ့တာကလွဲရင် အရာရာတိုင်းက တူညီစွာပါပဲ ။ မတူတာ တစ်ခုက ဒီမှာ ဦးလေးငယ်သဘောကျတဲ့ ချယ်ရီတွေမရှိသလို ဦးလေးငယ်လည်းမရှိဘူး ။

စားပွဲခုံပေါ်မှာတင်ထားတဲ့ စာရွက်ကလေးကို ပြန်ဖြန့်ကာ ရေးလက်စ,စာကို ဆက်ရေးလိုက်၏ ။

*ဒီမှာတော့ ချယ်ရီတွေမရှိပေမယ့် မေပယ်လ်တွေ တအားပေါတယ် ဦးလေးငယ် ။ကျောင်းသွားတိုင်း တွေ့ရတဲ့မေပယ်လ်တွေက နီနီရဲရဲတွေချည်းပဲ ။ မနှစ်က နွေရာသီက ဒီစာသင်နေပေမယ့် ဒီနှစ်နွေရာသီကိုတော့ ဘာဆက်တက်ရမလဲ မသိသေးဘူး ။ ဆိုးလ်ဆိုလည်း ကျောင်းပိတ်ရက်ဆို ပြန်လာလို့ရသေးတယ် ။ ဦးလေးငယ်ကို တွေ့ချင်လိုက်တာ *

ဘာဆက်ရေးရမှန်မသိတာနဲ့ စာရွက်ကို ပြန်ခေါက်ထားလိုက်သည် ။ပြောပြချင်တာတွေများလွန်းလို့ ဘယ်ဟာကို ရွေးပြောပြရမလဲမသိပေမယ့် အဓိကက ကျွန်တော်ပြောပြတဲ့အရာတိုင်းကို စိတ်ဝင်တစားနားထောင်ပေးတဲ့ ဦးလေးငယ်ကို သဘောကျခဲ့တာ ။

"ထယ်ယောင်း ! "

နာမည်ခေါ်သံ နဲ့အတူ အခန်းတံခါးပိတ်သံ ခပ်ကျယ်ကျယ်ကြောင့် ရေးလက်စ,စာရွက်ကို မြန်မြန်သိမ်းလိုက်၏။ မဟုတ်ရင် အဲ့ဒီကောင်က ယူဖတ်ပြီး ဟာသလုပ်နေအုံးမှာ ။

"ဘာလဲကွာ..ဂျောင်ကု ရာ "

ကျွန်တော် ညည်းညည်းညူညူနဲ့ မေးပြီး လှည့်ကြည့်လိုက်တော့ ဆရာသမားက အနားတောင်ရောက်နေပြီ ။ သေချာသိမ်းထားတဲ့စာရွက်ကလေးကလည်း ထိုသူ့လက်ထဲပါသွားပြန်၏  ။ဂျွန်ဂျောင်ကု ...ဆိုးလ်ကနေ  အီတလီကိုကျောင်းလာတဲ့ သူဌေးသားကောင်လေးဖြစ်သည် ။ ခပ်ဆိုးဆိုး ခပ်ပေပေနေတတ်တဲ့ ဂျွန်ဂျောင်ကုက ထူးခြားစွာပဲ ကျွန်တော်နဲ့ တွဲဖက်ညီတဲ့ သူငယ်ချင်းဖြစ်လာ၏ ။

"ဒါ ဘယ်နှခါမြောက် ရေးတဲ့စာလဲ "

ထယ်ယောင်း ပခုံးတွန့်ပြလိုက်၏ ။ဂျောင်ကုက မေးပြီး စာကိုယူကာ သူ့အိပ်ရာပေါ်တွင် လှဲချလိုက်သည် ။

Cherish Where stories live. Discover now