Part-10

408 54 14
                                    

(Unicode)

ယွန်းဂီ အခန်းထဲကို အမြန်ပြေးဝင်ကာ အခန်းတံခါးကိုပိတ်ပြီးနောက် ထိုင်ချလိုက်၏ ။ အခုမှ မျက်နှာကို လက်နဲ့စမ်းကြည့်မိတော့ မျက်ရည်တွေ အများကြီး ကျနေခဲ့တာပဲ ။ ထွက်ပြေးလာခဲ့မိတဲ့ ကိုယ့်ကိုကိုယ်လည်း စိတ်ပျက်မိတယ် ။တကယ်ဆို ပြုံးပြပြီး နှုတ်ဆက်ချင်ခဲ့တာ ။ဘာမှမရှိခဲ့သလိုမျိုးနဲ့ ပွေ့ဖက်ပြီး ကြိုဆိုချင်ခဲ့တာ ။တကယ်ဆို ကလေးငယ်က ဘာမှမသိတဲ့သူပါလေ ။

ဒါပေမယ့် ဘာလို့လဲ ...ဘာလို့ အရာအားလုံး မေ့ပျောက်ခါနီးမှ အရာရာကိုအသစ်စ,တင်နေတဲ့အချိန်မှ ပေါ်လာခဲ့တာလဲ ။အရာရာက အကောင်းတိုင်း လည်ပတ်နေတဲ့အချိန်မှာ အတိတ်ကရင်းနှီးခဲ့တဲ့လူကိုတွေ့လိုက်ရတာဟာ ကျွန်တော့်အတွက်ကတော့ တကယ် ခြောက်ခြားစရာပဲ ။ အကယ်၍ ပြန်ဆုံခဲ့ရင်ဆိုတဲ့ အကြောင်းအရာပေါ်မှာ တွေးထားခြင်းမရှိသည့်အတွက် ကလေးငယ်သည်လည်း ကျွန်တော်တာ့်အတွက်ကျ အတိတ်ရဲ့ ခြောက်လှန့်ခြင်းတစ်ခုဖြစ်၏ ။ အကြောင်းတိုက်ဆိုင်တိုင်း လွမ်းမိပေမယ့် တကယ်တမ်းကြ အတိတ်ကလူတွေနဲ့ ပတ်သက်ဆက်နွယ်ရမှာကို တကယ်ကြောက်တယ် ။

ယွန်းဂီ အံဆွဲထဲက ဓါတ်ပုံကိုထုတ်ကာ ကလေးငယ်ရဲ့မျက်နှာလေးကို ထိကြည့်မိ၏ ။ အရင်တုန်းက လက်ကိုတွဲထားပြီး တီတီတာတာတွေပြောတတ်တဲ့ ယောင်းငယ်ဟာ အခုလိုကြ တကယ်ကို လူကြီးလေးတစ်ယောက်လိုပဲ ။ဘယ်လောက်တောင် ကောင်းကောင်းမွန်မွန်ကြီးပြင်းခဲ့လဲဆိုတာ ကလေးငယ်ရဲ့ ပုံစံကိုကြည့်ရုံနဲ့တင် သိနိုင်တယ် ။ မျက်စိမြင်ရတဲ့အချိန်မှာ ကြည့်မိတော့ ယောင်းငယ်လေးဟာ သူသိထားတာထက်ကို ပိုပြီးချောတဲ့ကောင်ကလေးတစ်ယောက်ဖြစ်၏ ။ ကလေးငယ်ဟာ သူသိပ်ဖြစ်ချင်ခဲ့တဲ့ပန်းချီဆရာကြီးတစ်ယောက်ဖြစ်နေမလား ဒါမှမဟုတ် ကျွန်တော်ကို ကတိပေးခဲ့ဖူးတဲ့ ဆရာဝန်ကြီးတစ်ယောက်ဖြစ်နေမလားဆိုတာ သိချင်မိသည် ။

*ခဏ...အချိန်လေး ခဏပေးလိုက်ပါအုံး ယွန်းဂီကို *

*ဒါပေမယ့် တအားငိုလာတာ မင်းလည်း မြင်တယ်နေတာပဲ ..ငါစိတ်ပူလို့ ဘာဖြစ်လာတာလဲဆိုတာ မေးချင်ပြီ *

Cherish Where stories live. Discover now